ပင်လုံးသပြေ-ချီ ရတု

From Wikisource
Jump to navigation Jump to search
"ပင်လုံးသပြေ"ချီ ရတု
by မင်းရာဇာ
ဆင်ကျုံး နန်းတော်သိမ်းတွင် ဆက်သည်။

ပင်လုံးသပြေ ကျွန်းမြုတေတွင် ပရမေလူ့ထိပ် ရှစ်စင်းရိပ်၌ ဆယ်ကျိပ်ထွတ်ထား မင်းတရားလျှင် ပျံ့ပွါးသာသနာ ဝှန်ဝါစိုးစံ ဘိသိက်ခံ၍ တဆံမခွ ဓမ္မဆယ်မည် ပုသ်ဆောက်တည်လျက် လေးမည်သင်္ဂဟ ပြည့်စုံလှသား ရွှေဝအောင်ချာ ရတနာပူရ မြို့မျာ့းအခေါင် နန်းရွှေတောင်ဝယ် ဘုန်းရောင်ရိပ်မိုး အုပ်သိမ်းစိုးသည် ရန်မျိုး အောင်တော့သည်ဘုရား

ဆင်ကျုံးရဝေ ရန်မျိုးပြေသား ဘုံရွှေပြဿဒ် သိမ်းမှတ်အခါ မင်္ဂလာကား ကောဇာသက္ကရာဇ် ထောင်ရာနှစ်ဝယ် သုံးဆယ်ကြူးစ စွန်းဧက ဒုတိယအာသန် ဆန်းမှန်ရဿ သူရဇ္ဇ၌ လောကဦးစွန်း ကျိန်းခန်းသိုက်လာ ယတြာဖြင့် ပညာလှောက်ကူ ဆင်ဖြူဆင်နီ ပည်းသီဆက်ရှည် ရောက်မည်ရှုမျိုး ရှင့်တန်ခိုးသည် ဖန်နှိုး ဆောင်တော့သည်ဘုရား

ရွှင်ပြုံးပစေ များဗိုလ်ခြေတို့ ကြည့်လေပျော်ရာ နန်းသိင်္ဂါဝယ် တူရိယာစုံလင် သဘင်ခြားခြား အောက်မားသင်းမှူး အထူးမှုထမ်း တပြွမ်းသင်းငယ် နှစ်ဘယ်သာက ပြပြငင်လာ မြော်ရာအံ့လောက် ကျုံးတော်ရောက်က တိုက်အောက်လေကြမ်း ဆင်ဖမ်းသဘင် ပျော်ရွှင်အားရမ်း ရှေးလမ်းစဉ်ထုံး စုရုံးအားကြိုး ကြော်ငြာဟိုးသည် တန်ဆိုး ရှောင်တော့သည်ဘုရား

မှတ်ချက်[edit]

အုမ်းကာရန်များကို အုံးဟု ပြင်ထားသည်။