နွေဘွဲ့ လေးဆစ်သဖြန်

From Wikisource
Jump to navigation Jump to search
နွေဘွဲ့ လေးဆစ်သဖြန်
by အချုပ်တန်း ဆရာဖေ
(ကဗျာသင်္ဂဟမေဒနီ ... မှ)

မွှေးနံ့သာ ကြည်ရေမြငယ်နှင့်၊
လေးကညာ သည်နွေလ မှာလ၊
ပြည်လေခ ပြူတင်းပေါ်။

လေမွေ့ယာ ကြာခြည်ထက်မှာလ၊
ပွေပွေ့ကာ သာမှီရက်ကယ်နှင့်၊
ဘုန်းစက်မပျော်။

ချွေးစီစီ စုလေဆင်းတာမို့၊
လေးမဒီ နုဆွေမင်းရယ်က၊
ခုလေညှင်း ခတ်လို့နော်၊
အို ... စက်တော်ဖြင့် ခေါ်လိုတုန်း။

ဆင်မြန်းလို့ကြည်၊
ရင်လွှမ်းထည် ခြုံလွှာပါးရယ်နှင့်၊
အနားမှာ အသာရှင်လို့၊
ရင်ခွင်မှာ တင်တင်ဖေ့ကိုကွယ်၊
မင်းပွေ့လှည့်အုံး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.