နောက်ဆုံးမှာတမ်း

From Wikisource
Jump to navigation Jump to search
နောက်ဆုံးမှာတမ်း
by အမည်မသိ

ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တ ယာမိ ဝေါ။

ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။

ဘိက္ခဝေ- စိတ်အကြံအလို အဓိဋ္ဌာန်ပို၍ နိဗ္ဗာန်ကို လိုလားကြကုန်သော အို... ချစ်သား ချစ်သမီးတို့။ ဒါနိဣဒါနိ– ပရိနိဗ္ဗာန် စံယူခါနီး ယခုလိုအခါကာလ သမယကြီး၌။ ဟန္ဒဂဏှထ– ငါဘုရား၌ လေးစားကြည်ဖြူ နာယူလိုက်ကြပါကုန်လော့။ ဝေါ-တုမှာကံ– မျက်မှောက်ခုရှိ တပည့်အများ သင်ချစ်သား ချစ်သမီးတို့အား။ အာမန္တယာမိ– သင်တို့တစ်သက်လုံး လက်ကိုင်သုံးဖို့ နောက်ဆုံးစကား မှာကြားတော်မူခဲ့ပါပေအံ့။ (ဝါ ) အာမန္တယာမိ- လေးဆယ့်ငါးဝါ ကာလကြာအောင် ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သည့် တရားအပေါင်းတို့တွင် လိုရင်းကို အကျဉ်းချုပ်၍ နိဂုံးအုပ်စကား မှာကြားတော်မူခဲ့ပါပေအံ့။ သင်္ခါရာ– ကံ, စိတ်, ဥ, ဟာ ကြောင်းလေးဖြာကြောင့် ဖြစ်လာကြငြား, သင်္ခါရတရားတို့သည်။ ဝယဓမ္မာ– ဖြစ်ကမရပ် ကွက်မလပ်ဘဲ ပျက်စီးပြိုကွဲ မခိုင်မြဲသောသဘော ရှိကြလေကုန်၏။ တသ္မာ- ထိုသို့ အဖြစ်က မရပ် ကွက်မလပ်ဘဲ ပျက်စီးပြိုကွဲ မခိုင်မြဲသောသဘော ဖြစ်ကြပါလေသောကြောင့်။ တုမှေ– သင် ချစ်သား ချစ်သမီးအပေါင်းတို့သည်။ အပ္ပမာဒေန- မမေ့မလျော့ မပေါ့မဆ ကောင်းမြတ်သော သတိတရားဖြင့်။ ဝါ- ဒါနမှု, သီလမှု, ဘာဝနာမှုတို့၌ မမေ့မလျော့ မပေါ့မဆ ကောင်းမြတ်သော သတိတရားဖြင့်။ ဝါ- ရုပ်တရား နာမ်တရားတို့၌ မမြဲခြင်းအနိစ္စ, ဆင်းရဲခြင်းဒုက္ခ, အစိုးမရခြင်း အနတ္တဟု တွေးတောဆင်ခြင် သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပွားများ မပေါ့မလျော့ မပေါ့မဆ ကောင်းမြတ်သော သတိတရားဖြင့်။ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့။ ဝါ- သမ္ပာဒေထ- နေ့ရှိသမျှ ရက်, အချိန်, နာရီတွေ အလကား မဖြုန်းကြလေ နှင့်တော့။ သံသရာမှာ ခန္ဓာတွေ အညွန့်တုံးတဲ့ အလုပ်တွေကို ကြိုးစားအားထုတ် ပြည့်စုံရစ်ကြပါကုန်လော့။ ဝါ- ငါကိုယ်တော်မြတ် နိဗ္ဗာန်သို့ မြန်းတော့မည်။ မှာကြားတော်မူခဲ့တဲ့ စကားနှင့်သာ ပြည့်စုံရစ်ကြကုန်တော့လို့ နောက်ဆုံးပိတ် မှာကြားနှုန်းပြ ဆုံးမတော်မူခဲ့လေသတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse