နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၈

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်တော်လှန်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အဖွဲ့အစည်းများအမည်နှင့် အဖွဲ့အစည်းဝင်အမည် ပြောင်းလဲသတ်မှတ်ခြင်း  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
(နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်အဖွဲ့အစည်းများ အမည်နှင့် အဖွဲ့အစည်းဝင်အမည် ပြောင်းလဲသတ်မှတ်ခြင်း)
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂၈
၁၃၂၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၃၀ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက၊ အောက်ပါအတိုင်း ကျေညာလိုက်သည်။

ဤကျေညာချက် အာဏာတည်နေသမျှကာလပတ်လုံး၊ တည်ဆဲတရားဥပဒေများတွင်ပါရှိသည့် “ဝန်ကြီးများအဖွဲ့” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်တော်လှန်ရေးအစိုးရအဖွဲ့” ဆိုသည့် စကားရပ်ကို ၎င်း၊ “ဝန်ကြီးချုပ်” ဆိုသည့် စကားရပ်အစား၊ “နိုင်ငံတော်တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို၎င်း၊ “ဝန်ကြီး” ဆိုသည့် စကားရပ်အစား၊ “နိုင်ငံတော် တော်လှန်ရေး အစိုးရအဖွဲ့ဝင်” ဆို သည့်စကားရပ်ကို၎င်း ထည့်သွင်းထားဘိသကဲ့သို့ မှတ်ယူရမည်။

ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။