နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၉

From Wikisource
Jump to navigation Jump to search
အစိုးရအဖွဲ့တာဝန်ခံများအတွက် အခေါ်အဝေါ်  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
အစိုးရအဖွဲ့တာဝန်ခံများအတွက် အခေါ်အဝေါ်
နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၉
၁၃၂၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၈ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အစိုးရအဖွဲ့ဌာန အသီးသီးတွင် ထမ်းဆောင်နေ ကြသည့် တာဝန်ခံပုဂ္ဂိုလ်များအား၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ စ၍ ဝန်ကြီးများဟူ၍ နိုင်ငံတော် တော်လှန်ရေးကောင်စီမှ ခေါ်ဝေါ်သုံးစွဲခွင့်ပြုလိုက်သည်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။