နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁

From Wikisource
Jump to navigation Jump to search
ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ ဖွဲ့စည်းခြင်း  (1962) 
by ဗိုလ်နေဝင်း

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ ဖွဲ့စည်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်။)

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို၊ အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။

တော်လှန်ရေးကောင်စီဥက္ကဋ္ဌ

ဗိုလ်ချုပ်ကြီး နေဝင်း။

အဖွဲ့ဝင်များ


(၁) ဗိုလ်မှူးချုပ် အောင်ကြီး။

(၂) ဗိုလ်မှူးချုပ် သန်းဖေ။

(၃) ဗိုလ်မှူးချုပ် တီ၊ ကလစ်။

(၄) ဗိုလ်မှူးချုပ် တင်ဖေ။

(၅) ဗိုလ်မှူးချုပ် စန်းယု။

(၆) ဗိုလ်မှူးချုပ် စိန်ဝင်း။

(၇) ဗိုလ်မှူးကြီး သောင်းကြည်။

(၈) ဗိုလ်မှူးကြီး ကြည်မောင်။

(၉) ဗိုလ်မှူးကြီး မောင်ရွှေ။

(၁၀) ဗိုလ်မှူးကြီး သန်းစိန်။

(၁၁) ဗိုလ်မှူးကြီး ကျော်စိုး။

(၁၂) ဗိုလ်မှူးကြီး စောမြင့်။

(၁၃) ဗိုလ်မှူးကြီး ချစ်မြိုင်။

(၁၄) ဗိုလ်မှူးကြီး ခင်ညို။

(၁၅) ဗိုလ်မှူးကြီး လှဟန်။

(၁၆) ဗိုလ်မှူးကြီး တန်ယုဆိုင်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။