နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၅/၂၀၂၁

From Wikisource
Jump to navigation Jump to search
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ  (2021) 
by မင်းအောင်လှိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၅/ ၂၀၂၁

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၅ တွင် -

(က) ပုဒ်မခွဲ (ဒ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဒ) သန့်ရှင်း၊ သာယာ၊ လှပသည့် မြို့တော်ကြီးဖြစ်လာစေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို အများပြည်သူက လိုက်နာစေရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အဖွဲ့အစည်းများအား ဆုငွေချီးမြှင့်ခြင်း၊”
(ခ) မူလပုဒ်မခွဲ (ဒ) ကို ပုဒ်မခွဲ (ဓ) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၆ နှင့် ၂၇ တို့ကို ပယ်ဖျက်ရမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၃၂၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) ကော်မတီသည် ဤဥပဒေအရ မိမိတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီတောင်းခံရယူရမည်။ ထိုသို့တောင်းခံလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီပေးရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-


(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ