နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၃/၂၀၂၁

From Wikisource
Jump to navigation Jump to search
ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ  (2021) 
by မင်းအောင်လှိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၃/ ၂၀၂၁

၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက်

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်)

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရာဇဝတ်ကျင့်ထုံးဥပဒေ ဇယား ၂၊ စာတိုင် ၁ ၌ ပါရှိသော ရာဇသတ်ကြီးပုဒ်မ ၃၁၁ ၏ နောက်တွင် ပုဒ်မ 311 B ကို ဖြည့်စွက်ရမည်။

၃။ ရာဇဝတ်ကျင့်ထုံးဥပဒေ ဇယား ၂ ၌ ရာဇသတ်ကြီးပုဒ်မ ၃၁၁-ခ နှင့်သက်ဆိုင်သည့်စာတိုင်တွင် “311 B” ဟူ၍လည်းကောင်း၊ စာတိုင် (၂) တွင် “(1) the offence of genocide under subsection (a) of section 311 A, (2) the offence of genocide under subsection (b), (c), (d) or (e) of section 311 A” ဟူ၍လည်းကောင်း၊ စာတိုင် (၃) တွင် “May arrest without warrant” ဟူ၍လည်းကောင်း၊ စာတိုင် (၄) တွင် “warrant” ဟူ၍လည်းကောင်း၊ စာတိုင် (၅) တွင် “Not bailable” ဟူ၍လည်းကောင်း၊ စာတိုင် (၆) တွင် “Not compoundable” ဟူ၍လည်းကောင်း၊ စာတိုင် (၇) တွင် “(1) death and shall also be liable to fine., (2) imprisonment for life, and shall also be liable to fine” ဟူ၍လည်းကောင်း၊ စာတိုင် (၈) တွင် “a Court of Self-Administrated Division or a court of Self-Administrated Zone or a District Court” ဟူ၍လည်းကောင်း အသီးသီး ဖြည့်စွက်ရမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-


(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ