နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၀/၂၀၂၁

From Wikisource
Jump to navigation Jump to search
၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ  (2021) 
by မင်းအောင်လှိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၀/ ၂၀၂၁

၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၈ ရက်

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်)

Coronavirus Disease 2019 (COVID-19) ကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။

၃။ ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) ပါ ဇယားကို အောက်ပါအတိုင်း အစားထိုးရမည်-

စဉ် ဝင်ငွေ (ကျပ်) ဝင်ငွေခွန်နှုန်း
မှ ထိ
၁၀၀,၀၀၀,၀၀၀ ၃ ရာခိုင်နှုန်း
၁၀၀,၀၀၀,၀၀၁ ၃၀၀,၀၀၀,၀၀၀ ၅ ရာခိုင်နှုန်း
၃၀၀,၀၀၀,၀၀၁ ၁,၀၀၀,၀၀၀,၀၀၀ ၁၀ ရာခိုင်နှုန်း
၁,၀၀၀,၀၀၀,၀၀၁ ၃,၀၀၀,၀၀၀,၀၀၀ ၁၅ ရာခိုင်နှုန်း
၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက် ၃၀ ရာခိုင်နှုန်း

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ