နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၁

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း  (2021) 
by အောင်လင်းဒွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၂၁/၂၀၂၁)

၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးအဖြစ် လည်းကောင်း အမည်ပြင်ဆင်သတ်မှတ်လိုက်သည်။


အမိန့်အရ

(ပုံ) အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ