နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၁

From Wikisource
Jump to navigation Jump to search
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း  (2021) 
by အောင်လင်းဒွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၀/၂၀၂၁)

၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ
ခန့်အပ်တာဝန်ပေးအပ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁) ဦးခက်ထိန်နန် ကချင်ပြည်နယ်
(၂) ဦးခင်မောင်ဦး(ခ)ဘူးရယ် ကယားပြည်နယ်
(၃) ဦးစောမြင့်ဦး ကရင်ပြည်နယ်
(၄) ဦးတဲရင့်စ်စမွိုင်းနီခွဲ ချင်းပြည်နယ်
(၅) ဒေါက်တာတင်ဌေး မွန်ပြည်နယ်
(၆) ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ်
(၇) ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်
(၈) ဦးမောင်မောင်လင်း စစ်ကိုင်းတိုင်းဒေသကြီး
(၉) ဦးတင့်လွင် မကွေးတိုင်းဒေသကြီး
(၁၀) ဦးမောင်ကို မန္တလေးတိုင်းဒေသကြီး
(၁၁) ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး
(၁၂) ဦးတင်အောင် တနင်္သာရီတိုင်းဒေသကြီး

အမိန့်အရ

(ပုံ) အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ