နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၉/၂၀၂၃

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၉/၂၀၂၃  (2023) 
by အောင်လင်းဒွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၉/၂၀၂၃

၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈/ ၂၀၂၃ ဖြင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။

၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။

၃။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။

၄။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-

(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
( ခ ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေ အရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦး အား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊
( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။
(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတို့၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။
( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။
( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း။
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။
(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅) ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(  ခခ  ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
(  ဂဂ  ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့် ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့် နိုင်သည်။

၅။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


နောက်ဆက်တွဲဇယား(က)

စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊

၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊

၃။ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊

၄။ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊

၅။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊

၆။ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့် စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊

၇။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊

၈။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊

၉။ လူသတ်မှု၊

၁၀။ လူသေမှု၊

၁၁။ မုဒိမ်းမှု၊

၁၂။ လုယက်မှု၊

၁၃။ ဓားပြမှု၊

၁၄။ အဂတိလိုက်စားမှု၊

၁၅။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊

၁၆။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊

၁၇။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊

၁၈။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊

၁၉။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊

၂၀။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ။

၂၁။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊

၂၂။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊

၂၃။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ၊


ဤဖန်တီးမှုသည် မြန်မာနိုင်ငံတွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်အဖြစ် သတ်မှတ်နိုင်သည်။ မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ ၂၀၁၉အရ

၁၆။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ-

(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊
(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊
(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။

Public domainPublic domainfalsefalse