နိဗ္ဗိန္ဒလွမ်းချင်း

From Wikisource
Jump to navigation Jump to search
နိဗ္ဗိန္ဒလွမ်းချင်း
by အမည်မသိ ရှေးစာဆို
ဂီတဝိသောဓနီမူ

ချောမတွေ့ပြီဘု၊
တောလေ့ငယ်ပီပီ၊ လောကေ့ငယ်ညှီ၊
ပြောမွေ့ရီတောင်ကဘရပ်ကယ်နှင့်၊
မှောင်အကပ် မြူစင်ကွာအောင်၊
ဂူဝင်သာအောင်းချင်တော့တယ်လေး။ ။

ဘာဝနာမူ၊ စာစာအံရွတ်၊
အသံလွှတ်လို့၊ ဖန်ဝတ်ကိုရုံတင်၊
တဖုန်သွင်နှင့်၊ လုံခင်တို့လူ၊
သူတော်ထုံး၊ လုံးလုံးသာယူတော့၊
မပူနှင့်စံတညှာငယ်၊ နှံပန္ဒာသွေမဝံ့ပြီဘု၊
သံသရာရှေအဓွန့်ကိုလ၊ ဘေရွန့်တယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.