နရသီဟပတေ့မင်း ကျောက်စာ

From Wikisource
Jump to navigation Jump to search
နရသီဟပတေ့မင်းကျောက်စာ  (သက္ကရာဇ် ၆၁၈) 
by မင်းယောက္ခမသရေ

“။ ။ သကရစ် ၆၁ရခု စိဿနှစ် တပေါင်လ္ဆန်၁၃ရျက် ၅ နိယ် တလ
ပျံမင် ဖောင်ဆင်ပင်က္လီမ္လိယ် ယူ၎္တမူရကာ ယူ၎္တမမူမီက ကြံတူနိမ်၎္တ
က္လောင် ဖုန်မ္လဿသ္ခိင်မဟာမတိမာထေကိုဝ် ပစ္စယာ ဖောင်ဆင်ငာပ္လည်
စင်သင် ငာမြင်သင်လှူသော မ္လိ၂၀၀ ခပင် ဝင်ပါလိယ်၏ ထိုဝ်ယူသနှစ်
အကြိယ်တလလါရာ ပျံတဝ်မူလိယ်၏ သာပန်ပွတ်သည် တလမ္လိယ် ရှုယ်တောင်ရ
လိယ်၏ ရှုယ်တောင်ရပြိ ပုကံရောက်လတ္တေ ရောက်ပြိသောခာ သကရစ်၆၁၈ခု
အာသတ်နှစ် နံယုန်လတွင် ရတနာသုံပါရှိယ်နိယ်ရုယ်မင်ယောက္ခမသရိယ် ကွန်‌ေ
ပြာက်ကြီလျှင် မင်ကိုဝ်ကြာ၏ ဖ္လွာ၎္တဩက် သျင်အလေါင်ယူ၎္တမူေ
သာ ပင်က္လီမ္လိယ်တွင် ကြံတူနိမ်သ္ခိင် မဟာမတိမာထေမ္လိယ်ပါ၏ ထိုဝ်မ္လိ
၁၀ယ်ကာ သျင်အလေါင်လေမယူခ ယူ၎္တမမူစိယ်ခ္လျင်ဟု ကြာရကာ မင်
၁၁့ဟု၏ သရိယ် ငာအလေါင်လျှင် ယူသောတေ ငာမသင်နိုဝ် သိမ်ရင်ငာ
၁၂ကာ အသိုဝ်ဟု ယုအံသနှေ သိခင်တိုဝ်ကိုဝ် ငာလှူ၏ အလိုဝ်ရစိ
၁၃ယ်၏ ရတနာသုံပါသောမ္လိယ်ကာ ငာမ္လိယ်သိုဝ် ဆံခြည်တတန်လျှင်
၁၄အဝင်စိယ် ငာတိုဝ်မ္လိယ်ကာ ရတနာသုံပါသောမ္လိယ်သိုဝ်ဝင်သကာ
၁၅မထိယ်ပ္လစ် သ္ခိင်တိုဝ်မ္လိယ်ခြာနင် အမြယ်အမြံတိုင်ဆောက်ပလိ
၁၆ယ်ဟူသော ထုယ်၎္တရလျှင်သတေ။ ထိုဝ်ရှဝ် မင်လှူတဝ် မူသောမ္လိ
၁၇ယ်ကာ စယျသတ္ထိယ်တိုက်တွင် ဝင်လိယ်ရကာ မင် ယောက္ခမ
၁၈သရိယ်လေ စယျသတ္ထိယ်ကိုဝ် နင်တိုက်တွင် ကြံတူသ္ခိင်တိုဝ်
၁၉မ္လိယ် ၂၀၀ မင်လှူတဝ်မူပြီအာ အထိအလျောင်ပိယ်အပိုင်အ
၂၀ခြာ တိုင်ဆောက်ပိယ်လင်ဟူသော ထုယ်၎္တတင်ပိယ်၏။ ထို
၂၁ဝ်သိုဝ် တင်ပိယ်ရကာ စယျသတ္ထိယ်လေ မိမီဩက်တိုက် ရှုသော
၂၂ပွယ္အ်ကြီ စည်သင်ကြံကိုဝ်မိန်၏။ ငာတိုက်တွင် ကြံတူသ္ခိင် မဟာ
၂၃မတိမာထေ မ္လိယ်၄ဝဝဟီ၏တတ် သ္ခိင်တိုဝ် မင်ရျပ်ရကာ ပုရှာရှင်
၂၄သ္ခိင်မဟာမတိမာထေကိုဝ် လှူ၎္တမူ၏။ နင်တိုဝ် အပိုင် အခြာ တို
၂၅င်ဆောက်ပိယ်လင်ဟူသော ပိယ်စာတင်လတ်ရကာပွယ်ကြီ၁ယော
၂၆က် စည်သင်ကြံ ၁ယောက် ဤယ်နှစ်ယောက်လျှင်တိုင်ဆောက်
၂၇ပိယ်သတေ။ ဝ ။ ဤဇာကာ သ္ခိင်သာရပုတ္တရာနှင် သုမန ထုသတေ
၂၈နိယ်ရပန်ဆုလျှင် လိုဝ်ခ္လျင်သတေ။ ၀ ။”

[သက္ကရာဇ် ၆၁၇ခု ဇေဋ္ဌနှစ်၊ တပေါင်းလဆန်း ၁၃ရက်၊ ၅နေ့ ဒလပျံမင်း ဖောင်ဆင် ပင်ကျီမြေယူတော်မူ ရကား ယူတော်မမူမီက ကြံတူနိမ့်တောကျောင်း ဖုန်းမြတ် သော သခင်မဟာမတိမာထေရ်ကို ပစ္စယာ ဖောင်ဆင် ငပြည်စင်သင်၊ ငမြင်သင်လှူသော မြေ၂ဝဝခပင်း ဝင် ပါလေ၏။ ထိုယူသောနှစ် အကြေဒလလားရာ ပျံ တော်မူလေ၏။ သား ပန်းပွတ်သည်မြေး ရွှေတောင် ရလေ၏။ ရွှေတောင်ရပြီး ပုဂံရောက်လတ်တည်း။ ရောက်ပြီးသောခါ သက္ကရာဇ် ၆၁၈ခု အာသန္နီနှစ်၊ နယုန်လတွင် ရတနာသုံးပါးရှေ့နေ၍ မင်းယောက္ခမ သရေ၊ ကွန်းပြောက်ကြီးလျှင် မင်းကိုကြား၏။ “ဖဝါး တော်အောက်၊ ရှင်အလောင်းယူတော်မူသော ပင်ကျီမြေ တွင် ကြံတူနိမ့်သခင် မဟာမတိမာထေရ် မြေပါ၏။ ထိုမြေကား ရှင်အလောင်းလည်းမယူခ၊ ယူတော်မမူစေ ချင်”ဟု ကြားရကား မင်းဟူ၏။ “သရေ၊ ငါအလောင်းလျှင် ယူသောတည်း ငါမသင့်နိုး၊ သိမ်းရင်းငါကား အသို့ဟု ယူအံ့သနည်း၊ သခင်တို့ကိုငါလှူ၏။ အလိုရစေ ၏။ ရတနာသုံးပါးသောမြေကား ငါ့မြေသို့ ဆံခြည် တစ်တန်းလျှင် အဝင်စေ။ ငါတို့မြေကား ရတနာသုံးပါး သော မြေသို့ဝင်သကား မထေပြစ်။ သခင်တို့မြေခြား နင်း၊ အမြဲအမြဲ တိုင်ဆောက်ပလေ”ဟူသော ထွေတော် ရလျှင်းသတည်း။ ထိုရော မင်းလှူတော်မူသောမြေကား ဇေယျသေဋ္ဌေးတိုက်တွင်ဝင်လေရကား မင်းယောက္ခမသရေ လည်း ဇေယျသေဋ္ဌေးကို “နင့်တိုက်တွင် ကြံတူသခင်တို့ မြေ၂ဝဝ မင်းလှူတော်မူပြီးအား အထိအလျောင်ပေ၊ အပိုင်းအခြား တိုင်ဆောက်ပေးလင့်” ဟူသော ထွေ တော်တင်ပေ၏။ ထိုသို့တင်ပေရကား ဇေယျသေဋ္ဌေး လည်း မိမိအောက် တိုက်ရှုသော ပွဲကြီး၊ စည်သင်္ကြံကို မိန့်၏။ “ငါတိုက်တွင် ကြံတူသခင် မဟာမတိမာထေရ် မြေ ၄ဝဝ ရှိ၏တတ်၊ သခင်တို့ မင်းရပ်ရကား ဘုရားရှင် သခင်မဟာမတိမာထေရ်ကို လှူတော်မူ၏၊ နင်တို့အပိုင်းအခြား တိုင်ဆောက်ပေးလင့်” ဟူသော ပေစာတင်လတ်ရကား ပွဲကြီး၁ယောက်၊ စည်သင်္ကြံ ၁ယောက်၊ ဤနှစ်ယောက်လျှင် တိုင်ဆောက်ပေ သတည်း။ ဤစာကား သခင်သာရပုတ္တရာနှင့်သုမန ထုသတည်း။ နေရပန်ဆုလျှင် လိုချင်သတည်း။]

 [သက္ကရာဇ် ၆၂၄]
၁၊၂၊၁၄၇၊၁။
“။ ၀ ။ သကရစ် ၆၂၄ ခု ပုဿနှစ် နံယုန်လ္ဆန်၁ရျက် ၅ နိယ်။ သရိယ်သမီ
အမိဖုရှာ ရတနာပုံ ပျံ၎္တမုခရကာ။ ပျံ၎္တမုခသည်ကိုဝ်ရည်ရုယ်။ မ္လတ်ကြီမ
ဟာကဿပ အရပ်နှိုက်။ မင်ကြီက္လောင်တဝ် တည်ရုယ်လှူတဝ်မူသော။ စပါ
၃ဝဝဝတွက် တပဲသော ၁ဝတင်တောင် လဲမွန် ၃၀၀ကျွန် ၃ဝဝလှူ၎္တမူ၏”

[သက္ကရာဇ် ၆၂၄ ခု ဖုသျှနှစ်၊ နယုန်လဆန်း ၁ရက်၊ ၅နေ့ သရေသမီး အမိဖုရားရတနာပုံ ပျံတော်မူခရကား ပျံတော်မူခသည်ကိုရည်၍ မြတ်ကြီးမဟာကဿပအရပ်၌ မင်းကြီး ကျောင်းတော်တည်၍ လှူတော်မူသော စပါး ၃၀၀၀တွက် တစ်ပယ်သော ၁၀တင်းတောင်း လယ်မွန် ၃၀ဝ၊ ကျွန် ၃ဝဝ လှူတော်မူ၏။]

၁၊၂၊၁၄၇၊၂။
၁၄“နံနန်ကျွန်တွင် အသက်ကြိဖ္လစ်သော ငာမတ်မည်သောငာမတ်သာ
၁၅ ငာကလန်ပုံမည်သော ကျွန်တိုဝ်သည် ချင်တိုဝ်မ္လိယ်ဖ္လစ်သောကြ
၁၆ ည်ဆာမ္လိယ်တိုဝ်ကိုဝ်လှူရကာ။ သ္ခိင်အရျာတိုဝ် ကွန်ပြောက်ကြီထွ
၁၇ က်၎္တမုသော ရျပ်လှိက်သောတေ သ္ခိင်တိုဝ်အလိုဝ်ရလင်ဟုလှူ၎္တမူ
၁၈ တုံရကာ သံ၎္တလျှင်လါရုယ် ဖုံမကြံ၊ သမန္တ်ရစ်မည်သောဤအမတ်
၁၉ တိုဝ်သည် မ္လိယ်အပိုင်အခြာ တိုင်နင်ရုယ်လျှင် တိုင်ဆောက်ပလိယ်သတေ”

[နံနန်ကျွန်တွင် အသက်ကြီးဖြစ်သော ငမတ်မည်သော၊ ငမတ်သား ငကလန်ပုံမည်သော ကျွန်တို့သည် ချင်းတို့မြေဖြစ်သော ကြည်ဆာမြေတို့ကိုလှူရကား သခင်အရိယာ တို့ ကွန်းပြောက်ကြီး ထွက်တော်မူသော ရပ်လိုက် သတည်း။ “သခင်တို့အလိုရလင့်” ဟုလှူတော်မူတုံ ရကား သံတော်လျှင်လာ၍ ဖုံမကြံ၊ သမန္တရစ်မည်သော ဤအမတ်တို့သည် မြေအပိုင်းအခြား တိုင်နင်း၍လျှင် တိုင်ဆောက်ပလေသတည်း။]


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse