နရသီဟပတေ့မင်းအရီးစော ကျောက်စာ

From Wikisource
Jump to navigation Jump to search
နရသီဟပတေ့မင်း အရီးစောကျောက်စာ  (သက္ကရာဇ် ၆၂၂) 
by အရီးစော

 (မျက်နှာဘက်)
၁၊၂၊၁၄၄။
၁၊၂၊၆၃၊၁။
“။သကရစ် ၆၂၂ခု ကြတိုက်သံဝစ္ဆ?ာနှစ် နံယုန်လ္ဆုတ် ၃ရျက် စနိယ်နိယ် ဖုရ္ဟာရှာင်တာဝ် အရီစဝ် ဤလူတွင်
နှိုက် အတိုင်မသီ သတ္ထာလါရုယ် ပ္လုသောကောင်မှုအက္လိုဝ်ကာ ရိယ်မ္လိယ်ခပ်သီမ်သော အသ္ခိင်ဖ္လစ်သော မင်ကြီစသော မင်
ငိ မင်သာ မင်သမီ မင်နှမခပ်သိမ် အမိဖုရှာစသော မောင်မခပ်သိမ် အမတ်တျာစသော ပိုလ်ပါခပ်သိမ်။ ဩက်အဝီစီယ်
စသော အထက်ဖဝက်တိုင်ဩင် အတိုဝ်စက္ကြဝလါ စသောအတိုင်မသီသော စက္ကြဝလါနှိုက် နိယ်သော လူ နတ်သတ်တ
ဝာခပ်သိမ် အကြွင်မယ်သဖ္လင် သင်သရာဆင်ငြယ်မှ ထွက်မ္လောက်ခရုယ် ဆင်ငြယ်မယ်သော နိယ်ရဗ္ဗန်ပြည်သိုဝ် ရောက်
စိယ်ခ္လျင်သောကြောင်။ ငာလေ သိစပ်မြင်နှံမ်သော သဗ္ဗညုတည်ညန် ဖုရှာဆုကိုဝ်လိုဝ်သောကြောင်။ ဤယ်သစ်(မ) တိ
မည်သော အရပ်နှိုက် ဥတ်နှင်ပ္လုသော တန်တိုင်နှစ်ထပ်ရံ လတ်ရုယ် တန်တိုင်တွင် ကလသာအိုဝ်နှင်(တူသော)စင်
ကြံထက် တင်တယ်စွာသော ကုလေတည်လတ်ရုယ် ကူထာပနာသော အခာနှိုက် သရိရထတ်တဝ်လေ ထည်ဧအ်။ ရှု
ယ်၁၀၀ ပ္လုသော ရှုယ်ဖုရှာလေ ထည်ဧအ်။ ငုယ်၃၀၀ ပ္လုသော ငုယ်ဖုရှာလေ ထည်ဧအ်။ မျက်မ္လတ်ရတနာလေထည်
၁၀ဧအ်။ ရှုယ်ပေါက်၂ ငုယ်ပေါက်၂လေ ထည်ဧအ်။ ရှုယ်စမခန်၊ ငုယ်စမခန်လေ ထည်ဧအ်။ ထိုဝ်သိုဝ်သော အထူ၂
၁၁သဖ္လင်ပ္လုရုယ် ထာပနာဧအ်။ ကူတွင်ကာ ဖုရှာအဆင် လိယ်မျက်နှာ ပ္လုဧအ်။ ရတနာတိ ဆန်ကြယ်ထလျက် မူရုယ် အ
၁၂ရောင်အဝာလေ တောက်ပစိယ်ဧအ်။ ကူအရံတွင်အာမျာသော ဖုရှာဆင်ပုတဝ်လေ ပ္လုဧအ်။ ဇာတ် ၅ဝဝလေအတ
၁၃င်အတယ် ရိယ်ဧအ်။ ကူထွတ်ပ္လုသော ကြိယ်အပိသာ ၁၃၀။ ရှုယ် ၅၀။ ပြတာ ၂၀၀။ ဤသိုဝ်သော ရတနာဖ္လင်ကူထွ
၁၄တ်လေ ပ္လုဧအ်။ အရောင်အဝာလေ တောက်ပစိယ်ဧအ်။ ပိတကတ် ၃ပုံသော တရျာအပုံလေ ပ္လုဧအ်။ သ္ခိင်အရျာ
၁၅ပူသော ချံသော ပင်ပန်သော ငြိမ်စိမ်သောငှာ သင်တကာ အလယ်သော သ္ခိင်ထေရနှင်အကွသော အရျာတိုဝ် နိယ်စီသော
၁၆ငှာ က္လောင်လေပ္လုဧအ်။ ထိုဝ်ကုလက္လောင်ကာ အသည်အရံထုပ်လျောက် အခြင်အမိုဝ်ခပင်သောကိုဝ်လေ တင်တ
၁၇ယ်စွာသော အဆန်အကြယ် ဆိယ်ထန် ဟင်သပတာ တိုဝ်ဖ္လင်လေ ရိယ်ဧအ်။ ရှုယ်ကျက်တငိုယ်လေ
၁၈တပ်ဧအ်။ အထက်ပိတန်ကာ ရှုယ်ကြာနှင်နှင် တင်တယ်စွာ အရောင်အဝာလေ တောက်ပစိယ်ဧအ်”

[သက္ကရာဇ် ၆၂၂ ခု ကြတ္တိကာသံဝစ္ဆရနှစ်၊ နယုန်လဆုတ် ၃ရက်၊ စနေနေ့ ဘုရားရှင်တော် အရီးစော ဤလူတွင်၌ အတိုင်းမသိ သဒ္ဓါလာ၍ပြုသော ကောင်းမှုအကျိုးကား ရေမြေခပ်သိမ်းသော အသခင်ဖြစ်သော မင်းကြီးစသော မင်းညီ မင်းသား မင်းသမီး မင်းနှမခပ်သိမ်း၊ အမိဖုရား စသော မောင်းမခပ်သိမ်း၊ အမတ်ရာစသော ဗိုလ်ပါ ခပ်သိမ်း၊ အောက်အဝီစိစသော အထက်ဘဝဂ်တိုင်အောင် အတို့စကြဝဠာစသော အတိုင်းမသိသော စကြဝဠာ၌ နေသော လူနတ်သတ္တဝါခပ်သိမ်း အကြွင်းမဲ့သဖြင့် သံသရာဆင်းရဲမှ ထွက်မြောက်ခ၍ ဆင်းရဲခဲ့သော နေရပန်ပြည်သို့ ရောက်စေချင်သောကြောင့်၊ ငါလည်းသိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ် ဘုရားဆုကို လို သောကြောင့် ဤသမထီးမည်သောအရပ်၌ အုတ် နှင့်ပြုသော တံတိုင်းနှစ်ထပ် ရံလတ်၍ တံတိုင်းတွင်း ကလသာအိုးနှင့်တူသော စင်္ကြံထက် တင့်တယ်စွာသော ဂူလည်း တည်လတ်၍ ဂူဌာပနာသောအခါ၌ သရီရ ဓာတ်တော်လည်း ထည့်၏။ ရွှေ ၁ဝဝပြုသော ရွှေဘုရား လည်း ထည့်၏။ ငွေ ၃ဝဝပြုသော ငွေဘုရားလည်း ထည့်၏။ မျက်မြတ်ရတနာလည်း ထည့်၏။ ရွှေ ပေါက်ပေါက်၊ ငွေပေါက်ပေါက်လည်း ထည့်၏။ ရွှေ စမ္မခဏ်၊ ငွေစမ္မခဏ်လည်း ထည့်၏။ ထိုသို့သော အထူးထူးသဖြင့်ပြု၍ ဌာပနာ၏။ ဂူတွင်းကား ဘုရား အဆင်း လေးမျက်နှာပြု၏။ ရတနာတိ ဆန်းကြယ် ထလျက်မူ၍ အရောင်အဝါလည်း တောက်ပစေ၏။ ဂူ အရံတွင်းအား များသော ဘုရားဆင်းပုတော်လည်းပြု၏။ ဇာတ် ၅ဝဝလည်း အတင့်အတယ်ရေး၏။ ဂူထွတ်ပြု သော ကြေး အပိဿာ ၁၃၀၊ ရွှေ ၅ဝ၊ ပြဒါး ၂ဝဝ ဤသို့သော ရတနာဖြင့် ဂူထွတ်လည်းပြု၏။ အရောင်အဝါလည်း တောက်ပစေ၏။ ပိဋကတ်၃ပုံ သော တရားအပုံလည်း ပြု၏။ သခင်အရိယာ ပူသော၊ ချမ်းသော၊ ပင်ပန်းသော ငြိမ်းစိမ့်သောငှာ သင်တကာ အလယ်သော သခင်ထေရနှင့်အကွသော အရိယာတို့ နေစိမ့်သောငှာ ကျောင်းလည်းပြု၏။ ထိုကုလားကျောင်းကား အသည်အရံ၊ ထုပ်လျောက်၊ အခြင်အမိုး ခပင်းသောကိုလည်း တင့်တယ်စွာသော အဆန်းအကြယ် ဆေးဒန်း၊ ဟင်္သပဒါးတို့ဖြင့်လည်း ရေး၏။ ရွှေကျက်တငိုလည်း တပ်၏။ အထက်ပိတာန် ကား ရွှေကြာနှင်နှင် တင့်တယ်စွာ အရောင်အဝါ လည်း တောက်ပစေ၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse