နယုန်လဘွဲ့ တေးထပ်

From Wikisource
Jump to navigation Jump to search
နယုန်လဘွဲ့ တေးထပ်
by အမတ်ကြီး ဦးပေါ်ဦး

လနယုန် မေထုန်အကျ
ကြယ်ဇေဋ္ဌယှဉ်လာ၊
ခြောက်လုံးနှင့် သုံးဒါဒ်ဖြာသည်။
ဆစမ္မာ ညဉ့်တွင်း
ဇောတြိ နေ့နာရီမှာ
ဉာဏ်ဇာနည် မျိုးမှန်ကလင်း။

မြတ်လေးပွင့် ငွေစပယ်ငယ်
ရှစ်ရပ်နယ် ပျံသင်း။
ရိပ်ဆာယာ ဧက်ကြွင်းမို့
မြတ်ရှင်ရင်း သံဃာ။
သုဓမ္မာ သာလာယမှာတဲ့
မေးဖြေကြ သူ့ထက်ငါသာ။

သည်တော့မှ မြညှာငယ်
ရွှေဖူးစာ ခိုင်ခိုင်မြဲရအောင်
စာပွဲတော် သည်သဘင်
ရှိဦးပန်ဆင်။
နတ်မာဃ သေနင်ငယ်
ပြင်ဆင်တော် မူမြဲထင့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse