နန်းဟန်ဆင် ရွှေမိုး
Jump to navigation
Jump to search
ရွာတော်ယောင် ရိပ်ပြလို့၊
ထိတ်လှချည့် ဒေဝါ၊
စိတ်ရှအောင် ထွေလာတယ်၊
ဆွေဝဠာ မာန်သွင်း၊
ခုညိုလို့ ခုဝါတယ်၊
ပြာချင်ပြာ မှိုင်းမှုံတဲ့ရင်း။ ။
ရှုလိုက်တိုင်း အဆန်းပိုတယ်၊
မရမ်းလို အဆင်း၊
ခရမ်းညို အခင်းမှာ၊
နနွင်း တန့်တန့်ချယ်၊
ကာလပေါ် တိမ်ခရမ်းရယ်က၊
ပတိမ်ဆန်း ဖြန့်လေတဲ့နှယ်။ ။
ပန်းသန့်သန့် ကွက်ကျယ်မှာ၊
သက်တန့်သွယ် ရောစပ်တဲ့၊
လောကဓာတ် ပုဆိုးသွင်၊
မိုးကွန့်ချက်ယဉ်၊
မျှော်မိတိုင်း ပန်းမရွှင်အောင်၊
နန်းဟန်ဆင် ရွှေမိုးတဲ့လေး ...။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |