နန်းသပြေပင်ညွန့်-ချီ သံဝေဂတေးထပ်

From Wikisource
Jump to navigation Jump to search
နန်းသပြေပင်ညွန့်-ချီ သံဝေဂတေးထပ်
by အချုပ်တန်း ဆရာဖေ

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေဝန့်ဗိမာန် မှာ၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာတယ်၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာမှာ၊
လည်လက်ျာခွေမြန်း၊
စည်မျက်နှာ မြေကြငှန်းငယ်သို့၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ ပါလို့၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာဝယ်၊
နိဗ္ဗိန္ဒာကြည်ဇောနှင့်၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူမှာ၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse