နန်းမတော်ဘွဲ့တေးထပ်

From Wikisource
Jump to navigation Jump to search
နန်းမတော်ဘွဲ့တေးထပ်
by မင်းတုန်းမင်း
နန်းဓလေ့မှတ်တမ်းများမှ

ဘီးပုံတော် ခွေစပတ်ကယ်နှင့်၊ ကြွေမတတ်မူရာ။
ရွှေနားကပ် မကူသာပေါင်၊ မဟူရာဆင်၍။
သိမ်ရေကျရော့ ရီးခြုံတယ်၊ ကြော့နည်းပုံ ဆန်းလိုက်ပါပေ့။
ဝတ်လဲတော် ကြိုးအဝါ၊ ခိုးနံ့သာမသွေ့။
ရိုးရှာသည့် ဓလေ့မို့၊ ပြကတေ့ယဉ်ပြန်။
မျက်လုံးတော် တမူသစ်တာက၊ ဇမ္ဗူရာဇ် သိန်းမကတန်။
ရွှေနန်းသူ ချောရှာဟန်မှာ၊ သောတာပန် မိသူဌေးကဲ့သို့၊
မြေးရှစ်ကျိပ် ရတောင်ကွယ်၊ ရှေးကထက်ငယ်။
လေးဆယ်ပြည့် ဇရာရွယ်တောင်၊ ကညာမယ် သာဘူးဖျာ့လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.