နဋပုတ္တကတ္ထေရဝတ္ထု -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃၆။ နဋပုတ္တကတ္ထေရဝတ္ထု
325521ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၃၆။ နဋပုတ္တကတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃၆။ ဒုတိယ ကချေသည်မ၏သား မထေရ်ဝတ္ထု

ဟိတွာ ရတိံစအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ယောက်သော ကချေသည်မ၏သားကိုသာလျှင် အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုကား ရှေးဝတ္ထုနှင့် တူသည်သာလျှင်တည်း။)

ရဟန္တာအား မွေ့လျော်ခြင်း မမွေ့လျော်ခြင်း မရှိ

ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရား၏သားတော်သည် မွေ့လျော်ခြင်းကိုလည်းကောင်း၊ မမွေ့လျော်ခြင်းကိုလည်းကောင်း ပယ်စွန့်၍ တည်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၁၉] ဟိတွာ ရတိံစ အရတိံစ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဝီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ရတိံစ၊ ကာမဂုဏ်ငါးပါး၌ မွေ့လျော်ခြင်းကိုလည်းကောင်း။ အရတိံစ၊ တောကျောင်းနေခြင်း၌ ပျင်းရိဆန့်ကျင်သည်ဖြစ်၍ မမွေ့လျော်ခြင်းကိုလည်းကောင်း။ ဟိတွာ၊ ပယ်စွန့်၍။ သီတိဘူတံ၊ ငြိမ်းချမ်းအေးမြပြီးသော။ နိရူပဓိံ၊ လေးပါးသောဥပဓိ မရှိသည်ဖြစ်၍ ညစ်ညူးခြင်း ကင်းပြီးသော။ သဗ္ဗလောကာဘိဘုံ၊ အလုံးစုံသော ခန္ဓာဟူသော လောကကို နှိပ်နင်း၍တည်သော။ ဝီရံ၊ လုံ့လရှိသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါ ဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဒုတိယ ကချေသည်မ၏သား မထေရ်ဝတ္ထု ပြီး၏။