ဒိသာဖရဏ မေတ္တာပွားပုံ

From Wikisource
Jump to navigation Jump to search
ဒိသာဖရဏ မေတ္တာပွားပုံ
by အမည်မသိ

(သံပြိုင်ရွတ်ဆိုရန်)

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ – ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၅။ အရှေ့တောင်ထောင့် အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၆။ အနောက်မြောက် အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၇။ အရှေ့မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၈။ အနောက်တောင်ထောင့် အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၉။ အောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တ သတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၁၀။အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တသတ္တဝါတို့- ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။



This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse