ထောင့်တိုင်းစပ်ရှည် လေးဆစ်

From Wikisource
Jump to navigation Jump to search
ထောင့်တိုင်းစပ်ရှည် လေးဆစ်
by နတ်သျှင်နောင်
ဤလေးဆစ်တိုကလေးကို သက္ကရာဇ် ၉ဝဝ-ကျော်တွင် မင်းဖြစ်သည့် ရတုဘုရင် နတ်သျှင်နောင်-ဆို လေးဆစ်ဟု ပုဂံဝန်ထောက်မင်း ဦးတင်မှ ကဗျာဗန္ဓသာရကျမ်း ၅ဝ၅-တွင် မှတ်တမ်းတင်ထားခဲ့ပါသည်။

(၁) ထောင့်တိုင်းစပ်ရှည်။

(၂) မြစ်ခပေါင်း၊
ပေါင်းလောင်းလက်ယာကွေ့၊
နန်းမြေ့စံတည်။

(၃) ပုပ်ပဲကဝိုက်လည်၊
မြောက်ဆီက ဆွာဖုံး။

(၄) ကြက်ညွှန်းနောင်ညီတို့၊
တရထည် မြရည်ဆို့၊
လွမ်းဘို့မဆုံး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.