တော်သလင်းလဘွဲ့ လေးချိုး
Jump to navigation
Jump to search
သစ်ဆင်းရယ်တဲ့ လမာသာ
မြစ်လုံးငယ် ဆူညံလို့
လှော်တက်သံ လှေပြိုင်ပွဲငယ်
နွှဲပျော်ကြရှာ။
ယုန်ရထားအိမ် သီတလမှာတဲ့
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့
မည်ဘဒြ ကြယ်ပြုဗ္ဗာ
ယှဉ်လာ၍ ပြည့်ဝန်း။
ဒွါဒရာ
ငှက်ဗျိုင်းတာရာနှင့်
ရွှေရင်းမာ ငုံပွင့်ကင်းကြတယ်
သင်းတဲ့ သည်ပန်း။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |