တော်ကဆုန် လေးချိုး

From Wikisource
Jump to navigation Jump to search
တော်ကဆုန်
by နတ်မောက် ဦးကြော့

ဟေမာန်နွေလှန်လို့ တုံ့ပြန်တော့
ဗွေသဟံ ဝေယန်အုံ့ဆီက
လေပြန်လှုံ့ဆော်ခဲ့ပြီ။

ပင်ပေါ်ထက် ယော်ရွက်ဝါထိန်ဝေနှင့်
ခါဂိမှေသည် တခေတ်တွင်မှ
ညှာလိမ်ကြွေ တမည်သစ်မည်ကြောင့်
အသစ်တွေ ထွေကာစုပါလို့
ပုရစ်ခွေတမာနုမှာကွယ်
ကျေးဥစီစီ။

ခင်တန်းလျှို သပြေပင်က
ရွှေသဇင်သုတ် လေနှောပြန်တော့
နေဝင်လျှင် ဘုတ်တွေ ရောပါလို့
ဘုတ်ရွှေသြရယ်က တွန်သံချီ
ဌာနီနှင့်ကွာဝေး။

ဖန်ခါခါ လမ္ဗရာစည်ဍိဏ္ဍိပေမို့
၀သန်မှာ ဆည်မချိပြီဘူ့
ပူမိသည် မှော်ရဂုံက
တော်ကဆုန် ညောင်ရေသွန်းချိန်မို့
ဖော်မစုံ အောင်မြေကွန်းဆီသို့
လွမ်းလိုက်လှသေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.