တေမိယဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၅။ အမည်မှည့်ခန်း

ထို ပုရောဟိတ်တို့စကားကို ကာသိကရာဇ်မင်းကြီး ကြားတော်မူလျှင် ဆင့်ကဲထပ်လှောက် ဝမ်းမြောက်နှစ်သက်ခြင်း အလွန်ရှိသည်ဖြစ်၍ ပုရောဟိတ်တို့အား လာဘ်ပူဇော်သက္ကာရ စသည်ဖြင့် ပြုရာသည်များကို ပြုစုချီးမြှောက်ပြီးလျှင် “အချင်းတို့။ ငါ့သားတော်အား ငါပင် အမည်ပေးတော်မူမည်။ ငါ့သားဖွားမြင်စအခါ မင်္ဂလာနေ့၌ အရွေ့ညီညာ သတ္တဝါအပေါင်း ချမ်းသာကြောင်းနိမိတ်၏အဖြစ် ကာသိကရာဇ်တိုင်းအလုံး အုပ်ဖုံးတိမ်လွှာ ထန်စွာမိုးရည်ချမ်းဖြင့် ဖျန်းဆွတ်ရွာသွန်းခြင်းလည်

ထို ပုရောဟိတ်တို့စကားကို ကာသိကရာဇ်မင်းကြီး ကြားတော်မူလျှင် ဆင့်ကဲထပ်လှောက် ဝမ်းမြောက်နှစ်သက်ခြင်း အလွန်ရှိသည်ဖြစ်၍ ပုရောဟိတ်တို့အား လာဘ်ပူဇော်သက္ကာရ စသည်ဖြင့် ပြုရာသည်များကို ပြုစုချီးမြှောက်ပြီးလျှင် “အချင်းတို့။ ငါ့သားတော်အား ငါပင် အမည်ပေးတော်မူမည်။ ငါ့သားဖွားမြင်စအခါ မင်္ဂလာနေ့၌ အရွေ့ညီညာ သတ္တဝါအပေါင်း ချမ်းသာကြောင်းနိမိတ်၏အဖြစ် ကာသိကရာဇ်တိုင်းအလုံး အုပ်ဖုံးတိမ်လွှာ ထန်စွာမိုးရည်ချမ်းဖြင့် ဖျန်းဆွတ်ရွာသွန်းခြင်းလည်း ဖြစ်၏။ ငါကိုယ်တော်မှစ၍ မှူးတော်မတ်တော်တို့နှလုံးလည်း ရွှင်ပြုံချမ်းမြ အေးလှသောပီတိရည်ဖြင့် ဖျန်းဆွတ်၏။ ထိုသို့ ကာသိကရာဇ်တိုင်းအလုံး မိုးရေချမ်းဖျန်းဆွတ်တုန်း ငါတို့သူတို့နှလုံးတွင်လည်း ရွှင်လန်းချမ်းမြ သောမနဿ ပီတိ ရည်ဖျန်းဆွတ်၍ စွတ်စိုခြင်းစုံညီစွာ အခါကောင်းခိုက် ဖွားမြင်သောကြောင့် တစ်ပါးမင်းသားများမှာကဲ့သို့ အဘိုးအမည်စသည် ဖွဲ့ချည်ရန်မရှိ။ “တေမိယကုမာရ” ဟူသော အမည်သာတွင်စေဟု ဘုရားလောင်းအား အမည်မှည့်လေ၏။

တေမိယကုမာရကို ဝိဂြိုဟ်ပြုသော်ကား

တေမေတိ ဧတ္ထာတိ တေမော။အခါရစေ။

တေမေ ဇာတော တေမိယော၊ တေမိတဗ္ဗံ အနေနာတိ ဝါ တေမိယော၊ ကုစ္ဆိတံ မာရေတီတိ ကုမာရော၊ တေမိယော စ သော ကုမာရော စာတိ တေမိယကုမာရော။ မင်းသားရစေ။

ဧတ္ထသမယေ၊ ဤအခါ၌။ တေမေတိ၊ မိုးချမ်းရည်, ပီတိရည်ဖြင့် စွတ်စိုစေတတ်၏။ ဣတိတသ္မာ၊ ထိုသို့ မိုးချမ်းရည်, ပီတိရည်ဖြင့် ဆွတ်ဖျန်းရာဖြစ်သော သတ္တိကြောင့်။ သော သမယော၊ ထိုအခါသည်။ တေမော၊ တေမမည်၏။ (ကိတ်ဝိဂြိုဟ်။ အဓိကရဏသာဓန၊ တိမ-ဓာတ်, ဏ-ပစ္စည်း။)

ယော ရာဇပုတ္တော၊ အကြင်မင်းသားသည်။ တေမေ၊ တစ်တိုင်းလုံးကို မိုးချုန်း၍ရွာခိုက်, မင်း အမတ်တို့ နှလုံးချမ်းမြခိုက်၌။ ဇာတော၊ ဖွားသည်တည်း။ ဣတိတသ္မာ၊ ထိုသို့ တစ်တိုင်းလုံးကို မိုးချုန်း၍ရွာခိုက်, မင်းအမတ်တို့ နှလုံးချမ်မြခိုက်၌ဖွားသည်၏ သတ္တိကြောင့်။ သော ရာဇပုတ္တော၊ ထိုမင်းသားသည်။ တေမိယော၊ တေမိယမည်၏။ (ဇာတတဒိတ်။ ဣယ-ပစ္စည်း။) ကာသိကရာဇ်တိုင်းလုံး မိုးရွာခိုက်, မင်းအမတ်တို့ နှစ်သက်ရွှင်လန်းခိုက်တွင် ဖွားမြင်သောကြောင့် တေမိယ မည်သည်ဟူလို။

ဝါ၊ တစ်နည်းကား။ အနေန၊ ဤမင်းသားသည်။ တေမိတဗ္ဗံ၊ မိုးချမ်းရည်, ပီတိရည်တို့ဖြင့် စွတ်စေအပ်၏။ ဣတိတသ္မာ၊ ထိုသို့ စွတ်စေတတ်သော သတ္တိကြောင့်။ သော ရာဇပုတ္တော၊ ထိုမင်းသားသည်။ တေမိယော၊ တေမိယမည်၏။ (တိမ-ဓာတ်, ဏျ-ပစ္စည်း။ အဝုတ္တကတ္တုသာဓန။) မိုးရွာခြင်း မင်းအမတ်တို့ ရွှင်လန်းခြင်းကို ဖြစ်စေလျက် ဖွားတော်မူသောကြောင့် တေမိယမည်သည် ဟူလို။

ယော ဒဟရော၊ အကြင်သူငယ်သည်။ ကုစ္ဆိတံ၊ မတင့်မတယ် စက်ဆုပ်ဖွယ်ကို။ မာရေတိ နိဝါရေတိ၊ မြစ်တတ်၏။ ဣတိတသ္မာ၊ ထိုသို့ မတင့်တယ်ခြင်းကို မြစ်တတ်သော သတ္တိကြောင့်။ သော ဒဟရော၊ ထိုသူငယ်သည်။ ကုမာရော၊ ကုမာရ မည်၏။ ။ ၁၄-နှစ်, ၁၅-နှစ်အရွယ်ရောက်ပြီးသော သူငယ်တို့ကား မိမိလည်း စက်ဆုပ်ဖွယ် မတင့်တယ်သည်ကို အလိုမရှိ။ သူတစ်ပါးမြင်၍သော်လည်း မချစ်မနှစ်လိုဖွယ်မည်သည် မရှိ၊ ထို့ကြောင့် ကုမာရ မည်၏။ အပြစ်အားကြီး၍ အရွယ်မရောက်သေးသော သူငယ်တို့ကား သူတစ်ပါးတို့မြင်၍ မနှစ်လိုဖွယ် အရွယ်မဟုတ်သောကြောင့်သာ “ကုမာရ”မည်၏ ဟူလိုသည်။

တေမိယော စ၊ ချမ်းမြသောအခါ၌ ချမ်းသာစွာ ဆွတ်ဖျန်း ရွှင်လန်းစေလျက် ဖွားမြင်သည်လည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထို ချမ်းသာရွှင်လန်း ဖျန်းဆွတ်လျက်ဖွားသော မင်းသားသည်။ ကုမာရော စ၊ နှစ်လိုဖွယ်အရွယ်၏ ပြည့်စုံခြင်းရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို ၂ ပါးသောသတ္တိကြောင့်။ တေမိယကုမာရော၊ တေမိယကုမာရ မည်၏။