တို့ရွာအလိုက်
Jump to navigation
Jump to search
မိုးမသောက်ခင်က၊
ခလောက်ကယ်ဂျောင်ဂျင်၊
လုပ်ငန်းငယ်ပြင်သည်၊
ချောင်းရေယဉ် သွင်သွင်စီးပါလို့၊
ကောက်ကြီးစပါးနှံက၊
သန်လှတယ်လေး။
သို့အရာမူ၊ တို့ရွာအလိုက်၊
ချွေးပြိုက်ပြိုက်ကယ်နှင့်၊
ကောက်စိုက်မူဟန်၊ သူအပြန်ကို၊
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်၊
ဆူးပုတ်ကယ်ရွက်ညို၊
ဆီမခတ်သော်လည်း၊ တလတ်ကယ်ချိုလှတယ်၊
မင်းပျိုတို့ခုချိန်ခါကို၊
စားစရာဝါမပြောပါဘု၊
ပေါလှတယ်လေး။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |