တရှိချိန်ခါ-ချီ ရတု

From Wikisource
Jump to navigation Jump to search
"တရှိချိန်ခါ"ချီ ရတု
by မင်းရာဇာ

တရှိချိန်ခါ မြတ်တေဇာဖြင့် များစွာဖြီးထူ ကျွန်းဇမ္ဗူထက် ဆင်ဖြူရတနာ မြတ်ရာရာနှင့် စကြာသံလျက် နတ်လက်နက်ကို ရွှေစက်တော်အောက် အရောက်နတ်တို့ ဆက်သပို့သော် ဤသို့ခြင်းရာ ဓါးစကြာဝယ် ရှေ့မှာတင်ထား ဘုန်းတော်အားကြောင့် သိကြားဖေါ်ပြ မာဂဓဘာသာ စိန္တာမဏိ ရှိသည့်ဂါထာ ဖွင့်သောခါမှ ဂုကောနဟု သိရဂုဏ်ပေါင်း လွန်ကျော်သောင်းသည် ပွင့်လောင်း မှန်လှသည်ဘုရား

'မဏိစိန္တာ'Bold text အက္ခရာဟု ဂါထာဖေါ်ပြ အထက်ကလည်း နတ်ကထင်ရှား အစဉ်အားဖြင့် နတ်ထားအက္ခရာ ရေးလျက်ပါ၏ သိသာထူးခြား စကြာဓါးက အလျားရှည်စွာ သုံးတောင်ထွာတည့် အံ့ရာကျူးကျော် မမြော်ဘူးတောင်း အကြောင်းကြောင်းကို စာဟောင်းတွင်မျှ မကြားရတည့် ရှေးကစဉ်လာ ကျမ်းပေစာဝယ် သုံးဆယ်အလွန် အတိုင်းမှန်တွင် သုံးတန့်လက်မ ရှည်မောစွဟု ပြောပသူဟောင်း ရှေးဇာတ်ပေါင်းသည် ကျင့်ကြောင်း မှန်လှသည်ဘုရား

ပူရိသိင်္ဂါ ရတနာနှင့် ဥစ္စာခန်းနား ပြည်တိုင်းကားကို တရားဆယ်ပွင့် ညီသဖြင့်လျှင် ချစ်ခွင့်မေတ္တာ အချာနီးချုပ် ဘုန်းတော်အုပ်လျက် မလှုပ်နှောက်ယှက် မထွက်ရန်စစ် အပြစ်ခပ်သိမ်း ကြောင့်ကြငြိမ်းလျက် မုဒိမ်းတန္တ ရန်ထိုမျှကို မြွက်ဟသိသာ မြတ်ဆရာလျှင် ဂါထာအက္ခရ ပြသည့်ချက်နှင့် မထွက်မှန်စွာ ဝပြောသာလျက် သွန်းရွာဖြိုးဖြိုး ပစ္စုန်မိုးလည်း ထစ်ကြိုးထပ်စေ လယ်ခွန်ပနက် တိုးတက်ဆင့်လောင်း လုပ်တိုင်းကောင်းသည် ရင့်ညောင်း သန်လှသည်ဘုရား