တပ်မတော် စစ်ဖက်သုံးအလံများ အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
အမှုဆောင်ယွမ်ဖွဲ့စည်းပုံ အက်ဥပဒေ  (1986) 
၂၀၂၂ တွင် နောက်ဆုံးပြင်ဆင်သည်။[1]

တပ်မတော် စစ်ဖက်သုံးအလံများ အက်ဥပဒေ
陸海空軍軍旗條例
Act of Ensign of the Armed Forces

၁။ တပ်မတော်၏ စစ်ဖက်သုံးအလံများသည် ဤအက်ဥပ‌ဒေပါ ပြဋ္ဌာန်းချက်များအပါ် အခြေခံထားသည်။

၂။ စစ်ဖက်သုံးအလံ အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) စစ်သေနာပတိချုပ်အလံ
(ခ) တပ်မတော်တပ်ဖွဲ့ (ယူနစ်) များအလံ
(ဂ) ရုံးတွင်းရာထူးအလံ
(ဃ) ရာထူးအဆင့်အလံ
(င) ရေတပ်သုံးအလံများ

၃။ စစ်သေနာပတိချုပ်၏ အလံတော်သည် နိုင်ငံ‌တော်သမ္မတမှ နိုင်ငံ၏တပ်မတော်ကို ဦးဆောင်ရာတွင် အသုံးပြုသော အလံတော်ဖြစ်သည်။ ဤအလံ၏ပုံစံကို နောက်ဆက်တွဲ (၁) ၌ ဖော်ပြထားသည်။

၄။ တပ်မတော်တပ်ဖွဲ့ (ယူနစ်) များအလံကို အောက်ဖော်ပြပါအတိုင်း ခွဲခြားသတ်မှတ်သည်။

(က) အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနအလံ
(ခ) ကြည်းတပ်မတော်အလံ
(ဂ) ရေတပ်မတော်အလံ
(ဃ) လေတပ်မတော်အလံ
(င) အရန်တပ်ဖွဲ့အလံ
(စ) စစ်ပုလိပ်တပ်ဖွဲ့အလံ
(ဆ) မရိန်းတပ်ဖွဲ့အလံ

ဤပုဒ်မတွင်ဖော်ပြထားသော အလံများ၏ပုံစံတို့ကို နောက်ဆက်တွဲ (၂) ၌ ဖော်ပြထားသည်။

ဤရှေ့၌ဖော်ပြထားသည့် တပ်ဖွဲ့အလံများသည် အဖွဲ့အစည်း၊ ယူနစ် သို့မဟုတ် သင်တန်းကျောင်း၏ လက္ခဏာရပ်များကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်းမရှိပါက အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနသည် ယုတ္တိဆန်သည့်လိုအပ်ချက်များအပေါ် အခြေခံ၍ အလံပုံစံကို ပြန်လည်သတ်မှတ်မည်ဖြစ်သည်။

၅။ ရုံးတွင်းရာထူးအလံကို အောက်ဖော်ပြပါအတိုင်း ခွဲခြားသတ်မှတ်သည်။

(က) အမျိုးသားကာကွယ်ရေးဝန်ကြီးအလံ
(ခ) တပ်မတော်စစ်ဦးစီးချုပ်အလံ
(ဂ) ကြည်းတပ်ဦးစီးချုပ်အလံ
(ဃ) ရေတပ်ဦးစီးချုပ်အလံ
(င) လေတပ်ဦးစီးချုပ်အလံ
(စ) အရန်တပ်ဖွဲ့မှူးအလံ

ဤပုဒ်မခွဲ (က) နှင့် (ခ) တို့တွင်ဖော်ပြထားသော အလံများ၏ပုံစံတို့ကို နောက်ဆက်တွဲ (၃) ၌ ဖော်ပြထားပြီး ပုဒ်မခွဲ (ဂ) မှ (စ) အထိပါ အလံများ၏ပုံစံကိုမူ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်သည်။

ဤရှေ့၌ဖော်ပြထားသည့် အလံများသည် ရာထူးတစ်ခုခု၏ လက္ခဏာရပ်များကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်းမရှိပါက အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနသည် ယုတ္တိဆန်သည့်လိုအပ်ချက်များအပေါ် အခြေခံ၍ အလံပုံစံကို ပြန်လည်သတ်မှတ်မည်ဖြစ်သည်။

၆။ ရာထူးအဆင့်အလံ ဆိုသည်မှာ တပ်မတော်အရာရှိများ၏ ရာထူးအဆင့်အတန်းကို ကိုယ်စားပြုသော အလံဖြစ်သည်။ ယင်းအလံအမျိုးအစားများနှင့် ပုံစံတို့ကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်သည်။

၇။ ရေတပ်သုံးအလံ ဆိုသည်မှာ စစ်ရေယာဉ်၌ အသုံးပြုသော အလံများကိုရည်ညွှန်းသည်။ ယင်းအလံတို့ကို အောက်ပါအတိုင်းခွဲခြားသတ်မှတ်သည်။

(က) စစ်ရေယာဉ်ရှေ့သုံးအလံ
(ခ) ရေတပ်အရာရှိအလံ
(ဂ) စစ်ရေယာဉ်မှူးအလံ
(ဃ) စစ်ရေယာဉ်သုံးအလံ
(င) ကြက်လျှာပုံစံအလံရှည်
(စ) အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ လွှင့်ထူအသုံးပြုခွင့်ပေးထားသည့် အခြားအလံများ။

ဤအထက်‌၌ဖော်ပြထားသည့် အလံများ၏ပုံစံကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်သည်။

၈။ စစ်သေနာပတိချုပ်အလံကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်လုပ်သည်။ အခြားအလံများကိုလည်း အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြုလုပ်၍ ဖြန့်ဝေခြင်း သို့မဟုတ် အတည်ပြုပိုင်ခွင့် ရှိသည်။

၉။ ဤအက်ဥပဒေပါ အလံများကိုရေးဆွဲခြင်း၊ အသုံးပြုခြင်း၊ ချိတ်ဆွဲခြင်းနှင့် ကိုင်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်သည်။

၁၀။ ကြပ်မတ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်သည်။

၁၁။ ဤအက်ဥပဒေသည် ကြေညာသည့်နေ့ရက်မှစတင်၍ အာဏာတည်ရမည်။

နောက်ဆက်တွဲ (၁) – စစ်သေနာပတိချုပ်အလံတော်[edit]

borderless
borderless

ပုံစံ

စစ်သေနာပတိချုပ်အလံတော်သည် အနီရောင်နောက်ခံဖြစ်သည်။ အလျားနှင့်အနံအချိုးသည် သုံးအချိုးနှစ် ဖြစ်သည်။ အလျား ၁၄၄ စင်တီမီတာလျှင် အနံ ၉၆ စင်တီစင်တီမီတာ (၆ စင်တီမီတာရှိ ရွှေရောင်အနားသတ်ဘောင် အပါအဝင်)။ အလယ်ဗဟိုတွင် နိုင်ငံတော်အလံ၏ သုံးပုံတစ်ပုံရှိ နိုင်ငံတော်အထိန်းအမှတ်တံဆိပ်။ အလံ၏အစွန်းအဖျား၌ ၁၂ စင်တီမီတာရှိ ဖဲကြိုးများ ထည့်ရန်။

သမ္မတ၏ကား၌အသုံးပြုခြင်း - အလျား ၃၆ စင်တီမီတာ၊ အနံ ၂၄ စင်တီမီတာ (၁.၅ စင်တီမီတာရှိ ရွှေရောင်အနားသတ်ဘောင် အပါအဝင်)၊ အလံ၏အစွန်းအဖျား၌ ၃ စင်တီမီတာရှိ ဖဲကြိုးများ ထည့်ခြင့်ဖြင့် အချိုးအစားလျှော့ချသည်။


နောက်ဆက်တွဲ (၂)[edit]

နောက်ဆက်တွဲ (၃)[edit]