တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄

From Wikisource
Jump to navigation Jump to search
တန်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြေညာခြင်း (2024)
by မင်းအောင်လှိုင်
355954တန်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြေညာခြင်း2024မင်းအောင်လှိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်
( ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်)
တန်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြေညာခြင်း

၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများ၊ နယ်ခြားစောင့်တာဝန်၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ကြရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဃ) အရ တန်းပြည့်စစ်မှုထမ်းချိန်၌ စစ်စခန်းတွင်ဖြစ်စေ၊ စစ်ချီနေသည့် အခါတွင်ဖြစ်စေ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုကတာဝန်ပေးခြင်းခံရသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တန်းပြည့်စစ်မှုထမ်းနေကြရသူများအဖြစ်မှတ်ယူရမည်။

၃။ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ဤအမိန့်ကြော်ငြာစာသည် အတည်ဖြစ်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်