တပေါင်းလဘွဲ့ လွမ်းချင်း
Jump to navigation
Jump to search
←တပို့တွဲလဘွဲ့ လွမ်းချင်း | တပေါင်းလဘွဲ့ လွမ်းချင်း by |
မြိုင်ခြေငယ်သင်းပါလို့
အင်ကြင်းငယ် ရွှေဖီ
ဝတ်မှုံငယ်စီသည်
မြစ်နဒီသောင်တခိုက
မောင်မယ်ညိုမြူးပြန်တော့တယ်လေး။
ရာသီမိန်ငယ်
ဂိမှန်ရက်ပြောင်း၊ လတပေါင်းမို့
ရွက်ဟောင်းကြွေခါ၊ ဥတ္တရာနှင့်
ပြုဗ္ဗာပရပိုက်၊ လေးချက်ချိန်ကို
တိမ်ခြေဆိုက်လို့
စရိုက်ကယ်ဘွေရှာ၊ ကိုတံငါလဲ
ဘာသာသောင်တင်
ပျော်မြူးသာ ရွှင်တော့တယ်
သဘင်လခါမှီကို
သဲစေတီ ငွေသောင်ကမ်းက
လွမ်းလှတယ်လေး။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |