တပေါင်းလဘွဲ့ လေးချိုးပုလဲ
Appearance
နွေရာသီ မိန်ဓလေ့ပေမို့၊
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
ဣန္ဒြေ့ရင်မို့နော်။
အပူဖြိုးသော်ကော၊
မြူခိုးရယ် တဝေဝေကြောင့်၊
အထွေထွေ ရွှေရင်ထုပါလို့၊
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
ကွဲရနှစ်ဘော်။
ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
တပေါင်းလသည်အမော်၊
ကြည်တော်မြနိုင်ဘူး။
သာခုခါ၊
ကာဠုဒါ ရွှေဂါထာကြောင့်၊
ဒေသစာ ကပ္ပီနန်းကိုကွယ်၊
မြန်းကြလို့ကူး။ ။
မှတ်ချက်
[edit]- စောင်းတွင် ပုလဲသံစဉ်ညှိထားသည့် စောင်းဖြင့် တီးပြီးဆိုရသောကြောင့် "လေးချိုးပုလဲ" ဟု ခေါ်တာပါသည်။ ပုလဲသံစဉ် (mode) ကို မဇ္ဈိမ ဟုလည်း ခေါ်ပါသည်။ တိရစ္ဆာန်အနေဖြင့်ဆိုလျှင် ကြိုးကြာဖြင့် ပြပါသည်။ Key B Major နှင့် အနီးစပ်ဆုံး တူပါသည်။ အသံအနေဖြင့် ၂-ပေါက်သံ ဟု ခေါ်သည်။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |