တပေါင်းလဘွဲ့ ပန်းရွှေဖီကြိုင်လှောက်လို့-ချီ

From Wikisource
Jump to navigation Jump to search
တပေါင်းလဘွဲ့ ပန်းရွှေဖီကြိုင်လှောက်လို့-ချီ
by ဖိုးသူတော် ဦးမင်း

ပန်းရွှေဖီကြိုင်လှောက်လို့
ပိတောက်ကယ်တဲ့သင်းချို။

ဥတ္တရာဘရဂုဏ်က
တိမ်ဘုံမှာရောင်ခြည်လင်းလို့
လမင်းသော်တာနှင့်
တူမကွာ ထိန်ဝါလဲ့
ထွန်းတဲ့ခါကို။

သောင်သဲငယ်ခို
ရေညိုရစ်မို့။

လေညင်းငယ်လာ
စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ယော်တို့
ဖော်ခေါ်သံမောင်မယ်ကြူးတယ်
မြူးပျော်ကြလို့။ ။