တပေါင်းလဘွဲ့ တေးထပ်

From Wikisource
Jump to navigation Jump to search
တပေါင်းလဘွဲ့ တေးထပ်
by အမတ်ကြီး ဦးပေါ်ဦး

မိန်ရာသီ ခါပြောင်းလို့
လတပေါင်း တူညီ
ကြယ်ပြုဗ္ဗ ဘရဂုဏ္ဏီငယ်
ရောင်စုံချည် ရှက်သန်း။
သတ်ဝီသ ပါဒ်သုညာမှာ
ဘဝါးဆာယာ လေးခုသို့မြန်း။

ဗာတ္တိံသ ညဉ့်နာရီမှာ
အဋ္ဌစမ္မီ နေ့မှန်း။
ဖူးတံစီ ထွေဆန်းလို့
အင်ကြင်းပန်း ရွှေဖီ။
သဲစေတီ တည်စမြဲပေပ
သဘင်ပွဲ ဤလရာသီ။

ပဋ္ဌမပိုဒ် အစချီသည်
မကိုဋ်ညီ ဘုမ္မစိုးငယ်နှင့်
မြေနှင့်မိုဃ်း အလုံးစုံ
သိမ်းပိုက်လို့ခြုံ။
လာဘ်လာဘ ပြည့်စုံသည်
ဇာနည်ဂုဏ် ဉာဏ်မျိုးရှင့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse