Jump to content

တပေါင်းလဘွဲ့ လေးချိုးပုလဲ

From Wikisource
တပေါင်းလဘွဲ့
by အချုပ်တန်း ဆရာဖေ
184069တပေါင်းလဘွဲ့အချုပ်တန်း ဆရာဖေ

နွေရာသီ မိန်ဓလေ့ပေမို့၊
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
ဣန္ဒြေ့ရင်မို့နော်။

အပူဖြိုးသော်ကော၊
မြူခိုးရယ် တဝေဝေကြောင့်၊
အထွေထွေ ရွှေရင်ထုပါလို့၊
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
ကွဲရနှစ်ဘော်။

ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
တပေါင်းလသည်အမော်၊
ကြည်တော်မြနိုင်ဘူး။

သာခုခါ၊
ကာဠုဒါ ရွှေဂါထာကြောင့်၊
ဒေသစာ ကပ္ပီနန်းကိုကွယ်၊
မြန်းကြလို့ကူး။ ။

မှတ်ချက်

[edit]
  • စောင်းတွင် ပုလဲသံစဉ်ညှိထားသည့် စောင်းဖြင့် တီးပြီးဆိုရသောကြောင့် "လေးချိုးပုလဲ" ဟု ခေါ်တာပါသည်။ ပုလဲသံစဉ် (mode) ကို မဇ္ဈိမ ဟုလည်း ခေါ်ပါသည်။ တိရစ္ဆာန်အနေဖြင့်ဆိုလျှင် ကြိုးကြာဖြင့် ပြပါသည်။ Key B Major နှင့် အနီးစပ်ဆုံး တူပါသည်။ အသံအနေဖြင့် ၂-ပေါက်သံ ဟု ခေါ်သည်။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.