တန်ဆောင်မုန်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

From Wikisource
Jump to navigation Jump to search
တန်ဆောင်မုန်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
by စာရေးကြီး ဦးမောင်ကလေး

ပြန်ညှင်းသုန်သုန် နှင်းမှုရွနှင့်
ခြုံတသသ ထုန်စခါ
စုံသမျှမှ လုံကြရာသည်
သရဒဗြိစ္ဆာ ဟေမာန်ဦး။
ယုန်ရဟတ်နှင့် ဘုံကြတ္တီငယ်
ရွှေကျီးအာနီ တည့်မွန်စံချက်ထူး။

ခဝဲတသန့် ပြည်ပန်းရွှေမူ
တည်တန့် သရေ ပွင့်ဝေမြူး။
တဆဲ့ငါးထွေ ဆွေနတ်မှူးကို
အမြတ်အထူး ပူဇော်ခွင်၊
သွန်းတော့မလို ညိုလှာဆင့်သည်
စိုပါပထင့် ဆိုမိလောက်အောင်ပင်။

ပြိုကာအိသို့ ဖိမဲ့သွင်လို
ဝိတဲ့သခင် တိမ်သနင်းငဲ့
ကထိန်တော်ခင်း ရှိန်လင်းတန်ဆောင်
ချိန်ယွင်းလွန်လောက်အောင်။
သိုင်းမဝင့်နှင့် မှိုင်းရင့်မှောင်ကို
ဂိုဏ်းတပွင့်ရှောင် ခုသိမ်းပါအုံ့လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse