တန်ခူးလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

From Wikisource
Jump to navigation Jump to search
တန်ခူးလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
by စာရေးကြီး ဦးမောင်ကလေး

မြဝန်းရစ်ခွေ မြူခြေခြံ့သည်
ဆူကြွေတမန့် တာအကြုံ
မမူတမှုံ့ မှုံတမှုံငယ်
မအုံ့တအုံ အုံပြန်ရင်း။
ရွာဟန်ပြုနှင့် ခုသားထင်အောင်
မုသားပြင်ပြင် သီကျူးညံရက်လင်း။

ယုဂန်နန်းမြင့် လမ်းထိပ်သာမူ
စန်းစိတြာ ဆံကျင်မင်း။
နန်းမိတ်သဟာ သဘင်ကျင်းလို့
ယှဉ်ပြိုင်မယွင်း ထွန်းလျှံထိန်။
ရင်ခတ်လှော်ရွှေ ဂေါ်ငွေဝတ်ကိုလ
ဆေလေခူးဆွတ် ညွှတ်တဲ့သည်အချိန်။

သောင်းဓိပတိ မြတ်နရိန်လျှင်
နတ်သင်္ကြန်အိမ် စမ္ပါယ်မြန်းလို့
ရေဖျန်းဇေယတု အောင်မင်္ဂလာ
ကြည်နူးစေဘွဲ့ခါ။
ထုံရည်သန့်နှင့် မှုံနံ့ဖြာအောင်
ဘုံမန့်ကညာ ပျော်မြူးထွေလှလေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.