တဆယ့်နှစ်လျှင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
နွေရာသီဘွဲ့ ပိုဒ်စုံရတု
by ပြည် နဝဒေးကြီး

တဆယ့်နှစ်လျှင်၊ ရာသီခွင်ဝယ်၊
နောက်တွင်ရှေ့ဦး၊ စ၍ကြူးသော်၊
ကွန့်မြူးတိမ်ခြေ၊ မင်းလွင်ဝေသော်၊
လေပြေသုတ်ဖျန်း၊ တပေါင်းဆန်းက၊
နတ်ပန်းရွှေဖီ၊ မိန်ရာသီတွင်၊
ဖူးစီငုံအာ၊ ဥတ္တရာလည်း၊
မကွာယှဉ်မှီ၊ ထွန်းအညီတည့်။ ။
ရာသီမိဿ၊ တန်းခူးလဝယ်၊
စိတြကြယ်၊ ရောင်နီကယ်လျက်၊
မိုးလယ်စံပျော်၊ ထွန်းလာပေါ်က၊
ကံ့ကော်ရင်ကတ်၊ ပင်လုံးညွတ်၍၊
ပွင့်ဝတ်ဖူးငုံ၊ လွမ်းပွဲပုံရှင့်။ ။
ကဆုန်ပြိဿ၊ ဆန်းပြန်ကလည်း၊
ရွှေလနှင့်သာ၊ ဝိသာခါလျှင်၊
မကွာထံပါး၊ ယှဉ်ပြိုင်သွား၍၊
စကားငုံစီ၊ ဖူးခဲ့ပြီရှင့်။ ။
ရာသီမေဓုန်၊ လ-နယုန်ဝယ်၊
တိမ်ဘုံမိုးဝ၊ ကြယ်ဇေဋ္ဌလည်း၊
လ-နှင့်မဝေး၊ ယှဉ်ပြိုင်ပြေးက၊
မြတ်လေးငုံရင့်၊ စမ္ပာယ်ပွင့်ကို၊
နောင်နှင့်သင့်လျော်၊ ဆင်လိုက်သော်လည်း၊
မပျော်လေသေး၊ နောင်ကြီးဆွေးသည်။ ။
လေးလဂိမ္မန် ကူးတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse