ညောင်ရမ်းကြီးသမီး ရှင်မဟာကဿပတောကျောင်း ကျောက်စာ

From Wikisource
Jump to navigation Jump to search
ညောင်ရမ်းကြီးသမီး ရှင်မဟာကဿပတောကျောင်း ကျောက်စာ  (သက္ကရာဇ် ၆၀၄) 
by ညောင်ရမ်းကြီးသမီး

၁၊၂၊၁၁၃၊၁။
“သိခင်ကင်္ကသူမိယာကာ အမိမ္လျိုဝ် အဖမ္လျို ရဆက်။
ကြယ်ရာယ်ရာမဟိယ် မ္လတ်စွာသောအမ္လျိုဝ်တေ သိခင် ညောင်ရမ်ကြီသမီ။ မိမီအသက်နှင့်တူသော။ မျက်စိယ်
မျက်ဆန်နှင်တူသော မိမိချတ်စွာသောလင်။ အတိုဝ်သိခင် ကင်္ကသူပျမ်၎္တဝ်မူခရကာ အတည်မဟိယ်သော တရျာ ပျမ်၎္တဝ်မူ
ကိုဝ်သိရုယ် ထိတ်လန်ရုယ် ရ
တနာ ၃ပါကိုဝ်ရည်ရုယ် အရပ် ၃ပါပ္လုသတေ ဤလူတွင်နှိုက် အတိုင်မသိသတ်ထာစွာသော ကြည်ညိုဝ်စွာသော နှစ်လုမ်ဖ္လစ်လတ်ရုယ် ကောင်မှုအက္လို
ကာ ပျမ်ခသော ငာသိခင် ၁ယောက် ငာမိခင် ၁ယောက် ငာခမည် ၁ယောက် ဤသူ ၃ယောက် ရစစိယ်သတေ ဟူရုယ် အရပ် ၃ပါကိုဝ်တည်သတေ။”

[သခင်ကင်္ကသူမယားကား အမိမျိုး အဖမျိုး ၇ဆက် ကဲ့ရဲ့ရာမရှိ ... မြတ်စွာသောအမျိုးတည်း။ သခင် ညောင်ရမ်းကြီးသမီး မိမိအသက်နှင့်တူသော၊ မျက်စိ မျက်ဆန်နှင့်တူသော မိမိချစ်စွာသောလင်၊ အတို့သခင် ကင်္ကသူ ပျံတော်မူခရကား အတည်မရှိသော တရားကို သိ၍၊ ထိတ်လန့်၍၊ ရတနာ ၃ပါးကိုရည်၍ အရပ် ၃ပါး ပြုသတည်း။ ဤလူတွင်၌ အတိုင်းမသိ သဒ္ဓါ စွာသော၊ ကြည်ညိုစွာသောနှလုံးဖြစ်လတ်၍ ကောင်းမှ အကျိုးကား ပျံခသော ငါ့သခင် ၁ယောက်၊ ငါ့မိခင် ၁ယောက်၊ ငါ့ခမည်း ၁ ယောက် ဤသူ ၃ ယောက် ရစစေသတည်းဟူ၍ အရပ် ၃ပါးကိုတည်သတည်း။]

၁၊၂၊၁၁၃၊၂။
...“သာသနာ
အထောက်အပင္အ်ဖ္လစ်ခ္လျင်ရကာ အတွင်သောဥတ်စာ ပတ်တမြာစသော ရွယ်မ္လတ်၉ပါ ရှုယ် ငုယ် ကြိယ်နိ ကြိယ်ဖ္လူ သံ သလွယ် ကုန်လေါက် အပသော
ဥတ်စာကာ လှိယ် ဆင် နွာ က္လွယ် ဆိတ် ဆင်စွယ် စသော သတ်တဝာ ကျွန် ရွာ မဟာတန်လယ္အ်။ ဥယန် ဤမျှသောဥတ်စာကိုဝ် ပုရှာသိခင် သာသနာလျှ
င် တပ်ရာမယ် စွန်ကြယ္အ်သောမုရုယ် ၃ပါသောအရပ် ကိုဝ် အဖိုဝ္အ် အဖိုဝ္အ် ခွယ်ဝုယ်သောမူလတ်ရုယ် မ္လိယ်ကြီ အသုန်တရိယ်လျှင် သက်သိယ်မူလတ်ရုယ် အ
၁၀ လှူရိယ်သွာန်ဧအ်။ ။”

[သာသနာအထောက်အပင့်ဖြစ်ချင်ရကား အတွင်းသော ဥစ္စာ ပတ္တမြားစသော ရွဲမြတ် ၉ပါး၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ သလွဲ၊ ခနောက်။ အပသော ဥစ္စာကား လှေ၊ ဆင်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဆင်စွယ် စသော သတ္တဝါ၊ ကျွန်၊ ရွာ၊ မဟာဒါန်လယ်၊ ဥယျာဉ်။ ဤမျှသောဥစ္စာကို ဘုရားသခင်သာသနာလျှင် တပ်ရာမဲ့ စွန့်ကြဲသောမူ၍၊ ၃ပါးသောအရပ်ကို အဖို့ အဖို့ ခွဲဝေသောမူလတ်၍၊ မြေကြီးဝသုန္ဓရေလျှင် သက်သေမူလတ်၍ အလှူရေသွန်း၏။]

၁၊၂၊၁၁၃၊၃။
၁၀“၎္တဝ်က္လောင်။ ဤမ်က္လောင်။ ငာမျက်နှာက္လောင်။ ၎္တဝ် ဤသုံက္လောင်သောတွင်။ မဟာကဿပက္လောင်တွင် ၎္တဝ်က္လောင်ကိုဝ်
၁၁ လှူသော။ ဆင်ဥိလဲ ၁ဝဝသော အလါကာ။ ပုရှာလေါင် ရှုယ်ကူတယကာ မောင်မရှုယ်သည်။ ချတ်မမိယ်သင်။ ချတ်မရ
၁၂ ယ်သင်။ ရောင်ရကာ အတိုဝ်သိခင်မင်ကင်္ကသူ။ ပုရှာလေါင် စည်သူမင်လက်ထက်။ ငုယ်ပျန် ၂ဝဝဝထောင်နှင် ဝယ်သ‌ေ
၁၃ တ။ ရှုယ်သည် ချတ်မမိယ်သင်။ ချတ်မရယ်သင်ကာ။ မင်မိကြီတိုင်သည် သိခင်အိုဝ္အ်ထက်ပ္လည်သင်။ မိထိုယ် ၎္တဝ်သေ
၁၄ တ။”

[တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်း ဤ သုံးကျောင်းသောတွင် မဟာကဿပကျောင်းတွင် တော ကျောင်းကိုလှူသော ဆင်ဦးလယ်၁ဝဝသော အလာကား ဘုရားလောင်း ရွှေဂူဒါယကာ မောင်းမရွှေသည် ချစ်မမေ့ သင် ချစ်မရဲသင် ရောင်းရကား အတို့သခင်မင်းကက်သူ ဘုရားလောင်းစည်သူမင်းလက်ထက် ငွေပျဉ် ၂၀၀၀ ထောင်နှင့်ဝယ်သတည်း။ ရွှေသည်ချစ်မမေ့သင် ချစ်မရဲသင် ကား မင်းမိကြီးတိုင်သည် သခင်ဘို့ထက်ပြည်သင် မိထွေးတော်သတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse