ညစ်မည့်သူ တေးထပ်

From Wikisource
Jump to navigation Jump to search
ညစ်မည့်သူ
by စလေ ဦးပုည

ညစ်မယ်ဆိုရေပစ်၊ (ညစ်မယ်လို့ညစ်ရင်ဖြင့်)‎
မသစ်တဲ့မျက်နှာ၊‎
မဖြောင့်ဘူး ထင်ပါလျှင်၊‎
‎ဝင်္ကပါ သည်က၊‎
သူဆန်းလျှင် မှော်ရုံခွင်မှာ၊‎
ရွှေသမင် လုပ်တဲ့လူပ။‎

ဆိုးကြစို့ ဆိုပြန်သော်၊‎
ဗိုလ်ခံခေါ်ဓားပြ၊‎
သူမာလျှင် စိန်မကပါဘူး၊‎
သူတင်းကပြတ်မယ်၊‎
သူဝါလျှင် လည်ပင်းမှာ၊‎
နနွင်းဘူး ဆွဲလို့သာလွယ်။‎

သူစိမ်းက မြအလယ်၊‎
ထည်ခြုံထည်စိမ်းငယ်နှင့်၊ (ထည်ခြုံမယ်အစိမ်းနှင့်)‎
ဖန်စိမ်းမှန်ကိုကာ၊ (ဖန်စိမ်းမှန်ကိုသာ)‎
လိမ်းငဲ့ဒုတ္ထာ၊‎
‎ဟုတ်မယ်လို့ဟုတ်ပါလျှင်၊‎
မှုတ်ပါမယ် လက်တင်လို့လေး။ (ဟုတ်ပမယ်လက်လှမ်းလို့လေး)‎

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.