ညစ်ပတ်တော်မူလွန်းသူ
Jump to navigation
Jump to search
အသားတော် အရောင်ထွက်တာက၊
မှောင်နက်လို့ မဲညို၊
ထောင်ထွက်နှင့် မကွဲလိုတယ်၊
သူရဲဆို ဇာတိ။
ခံတွင်းကသာ ထုတ်ဖော်လျှင်၊
အာပုပ်စော် ဆိုးလှပါဘိ။
သူ့ပါးစပ် အပြီးပေတယ်၊
သွားချီးတွေအပြည့်၊
အနီးလေလွန်မကြည့်ချင်ဘု၊
ရွံစလိကြောက်ဖွယ်၊
ဘုတ်တစ္ဆေ ရုပ်ရေကျအောင်၊
ဗြုတ်တွေက ပေါလိုက်လှတယ်။
ကိုယ်နံ့က ခွေးသူငယ်လို
မွှေးပေတယ် မသဒီပျို့အောင်ပ၊
ညှီစို့စို့ လင်းတစော်၊
နည်းတူရဲ့နော်၊
ဂျီးထူချက် ရှစ်ကပ်ကျော်အောင်
ညစ်ပတ်တော် မူလွန်းလှလေး။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |