ဇေယျသွတ်ဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
ဇေယျသွတ်ဘုရားကျောက်စာ  (သက္ကရာဇ် ၅၉၇) 
by သံပျင်ဇေယျသွတ်

(မျက်နှာဘက်)
၁၊၂၊၉၀၊၁။
“။ ၀ ။ သကရစ် ၅၇၃ခု အာသိန်နှစ်။ တာŸသ္လင် တာŸသ္လင်လ္ဆန် ၁ဝရျက် ကြသပတိယ်နိယ်အာ။ ဥစိနာမင် ရှုယ် တောင်တက်၏။”
[သက္ကရာဇ် ၅၇၃ ခု အဿယုဇနှစ်၊ တော်သလင်း လဆန်း ၁၀ရက်၊ ကြာသပတေးနေ့အား ဥစ္စနာမင်း ရွှေတောင်တက်၏။]

၁၊၂၊၉၀၊၂။
“ဇေယျသွတ်ကာ အသက်လေကြီဧအ်။ အတိုဝ္အ်ထံလေ သုငယ်နှင္အ်ထပ်တူ နိယ်ညန်ဆိုင်ငြယ်ဧအ်။ မ္လောင်မ္လိယ် လေမြယ်ဲဧ
အ်။”

[ဇေယျသွတ်ကား အသက်လည်းကြီး၏။ အတို့ထံလည်း သူငယ်နှင့်ထပ်တူ နေ့ညဉ့်ဆင်းရဲ၏။ မြောင်းမြေ လည်း မြဲ၏။]

၁၊၂၊၉၀၊၃။
၁၂“ဤယ်ငာဖုန်တာŸရသော လယ် ၇၅ဝသောကိုဝ်ကာ။ ငာသ္ခိင်မင်ကြီလေ နိဗ္ဗန်ရစိယ်ခ္လျင်ဧအ်
၁၃ ။ ငာလေ နိဗ္ဗန်အာ မချွတ်မလွယ်လျှင် ရောက်ခ္လျင်ရကာ။ ဤယ်ငာပ္လုသော တာဝ်က္လောင် ပုရှာ တြျာ သင်္ဃာ ရတနာသုံပါသောအာ အ
၁၄ ကုန်ငာလှူဧအ်။ ။ဤယ်ငာလှူသောလဲကာ။ သာသနာ ၅ဝဝဝလျှင် တည်ရစ်စိယ်သတေ။ ။”
[ဤငါဘုန်းတော်ရသော လယ် ၇၅ဝ သောကိုကား ငါ့သခင်မင်းကြီးလည်း နိဗ္ဗာန်ရစေချင်၏။ ငါလည်း နိဗ္ဗာန်အား မချွတ်မလွဲလျှင် ရောက်ချင်ရကား ဤ ငါပြုသော တောကျောင်း၊ ဘုရား တရား သံဃာ ရတနာ သုံးပါးသောအား အကုန်ငါလှူ၏။ ဤငါလှူ သောလယ်ကား သာသနာ ၅ဝဝဝလျှင် တည်ရစ်စေ သတည်း။]

၁၊၂၊၉၀၊၄။
၁၄“သကရစ် ၅၉၇ ခု။ အာသိန်
၁၅ နှစ်။ နံကာလဆန် ၄ရျက် ကြသပတိယ်နိယ်အာ။ မင်ကြီသာ မင်က္လစွာ ရှုယ်တောင်တက်ရုယ်။ အကြီယ် အညာနှိုက်တေ မဟာဒါ
၁၆ န်မ္လိယ်ခပ်သိမ် ယူလတ်တေ။”

[သက္ကရာဇ် ၅၉၇ ခု အဿယုဇနှစ်၊ နံကာလဆန်း ၄ ရက်၊ ကြာသပတေးနေ့အား မင်းကြီးသား မင်းကျစွာ ရွှေတောင်တက်၍ အကြေအညာ၌တည်း မဟာဒါန်မြေခပ်သိမ်း ယူလတ်တည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse