ဇီးကွက်ရုပ် ဒုံးချင်း

From Wikisource
Jump to navigation Jump to search
ဇီးကွက်ရုပ် ဒုံးချင်း
by ဖိုးသူတော် ဦးမင်း

ဆုတ်ဟဲ့ ရှောင် ခေါင်ကိုဖြတ်ချည့်၊ သုံးထောင်မြိုင်ရပ် ဟေဝန္တာ။
ရွှေသုပဏ္ဏ လက်ပံပြည်၊ ငါ့ဘိုးဆက်စည်-ဂဠုန်မင်းမှ၊ နွယ်တော်ဧကန် မှန်မယွင်း၊ ဝင်းညိတေဇာ။
ငါ့မိမယွင်း ထီးလှိုင်ကာ၊ မျိုးရိုးမှန်စွာ ဟုတ်ကဲ့မပျက်။
နေလတနှုန်း၊ ငါ့မျက်လုံး၊ ဘယ်သူပုန်းတော့ ရှုတိုင်းမြင်၊ သစ်နန်းဦးကင် စိုးတဲ့ ဇိကွက်။
သူရဲကောင်းမို့ နေ့ကိုရှောင်၊ ညဉ့်သန်းခေါင်ကို ပြူငဲ့မပျက်။
ဘဝဂ်မိုးထိ တေဇာတော်ဟုံ၊ ကြီးမာနဂုဏ်ငယ်လေး။
သာမြိုင်ရွှေဘုံ၊ ပန်းစုံနံ့သင်း၊ ကျူးသံလွှင့်ညှင်း၊ တကိုယ်ချင်း ခုချီခဲ့လာ၊ သန်းခေါင်ခါ-တောင်ပံနှက်လို့၊ ရွှေဇိကွက်-မျက်လုံးကြောင်၊ ရိုင်းလို့ထောင်-ခေါင်ကိုဖြတ်ချည့်။
ပိတောက်ချောင် ရှိုတွင်းမှာ၊ မင်းမူချည့် ဆက်ဆက်။
ရှားဆုတ်ကြရှောင်၊ သန်းခေါင်ကျော် အချိန်လွဲကို၊ ရဲဇာတိမဖက်။
တွဲလာလို့ပြိုင်၊ တပင်တိုင် သစ်ညိုခေါင်းမှာ၊ အောင်းထုံတဲ့ ဇိကွက်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse