ဇမ္ဗူကျွန်းရင့် သောင်းဒီပါ

From Wikisource
Jump to navigation Jump to search
ဇမ္ဗူကျွန်းရင့် သောင်းဒီပါ
by နန်းတွင်းသူ မယ်ခွေ
နန်းတွင်းသူ မယ်ခွေဆို၊ မင်းကွန်းဘုရားတျာဘွဲ့။ (ဂီတဝိသောဓနီမူ)

ဇမ္ဗူကျွန်းရင့် သောင်းဒီပါ။
မင်းနေသာလွန်း။ သိုက်ညွှန်းရပ်ရွှေညာ။ ။
ရေသီတာငယ်လေ။ ခွေပတ်လို့ဝန်း။ ။
မြင်ထင်တောင်ကြီး။ ကာဆီးမှိုင်းညို့ညိုငယ်လေ။
ရှုတိုင်းမောက်မို။ နုပျိုရွှေမင်းကွန်းငယ်နှင့်လေး။ ။

နိဗ္ဗာန်ကျွန်းသို့။ ရောက်ချိန်မှီ။
ရွှေကိုယ်တော်စား။ သိကြားတည်လာညီ။
မဟာစေတီငယ်လေ။ ရောင်ဖြိုးလို့ညီး။ ။
ရတနာခြင်္သေ့။ ဘုန်းဟေ့မြတ်ညီနောင်ငယ်လေ။
ဝေမြင့်သီခေါင်။ တိမ်တောင်ထိလုနီးပါလို့လေး။ ။
ရိပ်ဖြူထီးငယ်နှင့်။ ဘုန်းမီးငယ် အာဟိန်။
ရာဇိန်သာထွန်းတော့သည်။ ။
တေဇာတော်တိုးပါလို့။ ဖြူမျိုးဆဒ္ဒန် ပတ်ရံဝန်းတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.