Jump to content

ဆံပင်ထုံးဖွဲ့နည်း ၅၅ မျိုး အန်ချင်း

From Wikisource
ဆံပင်ထုံးဖွဲ့နည်း ၅၅ မျိုး အန်ချင်း
by ရဝေရှင်ထွေး
184101ဆံပင်ထုံးဖွဲ့နည်း ၅၅ မျိုး အန်ချင်းရဝေရှင်ထွေး

အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မုနောဇမ္ဗူ၊ စံတော်မူက၊
(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) သွယ်ညို့မြိတ်လွတ်၊
(၄) ရစ်ပတ်စုလည်း၊
(၅) လျော့ရည်းထုံးဖွဲ့၊
(၆) တုမဲ့ ရွှေရောင်၊ တိမ်တောင် တက်သက်၊
(၇) လျှပ်စစ်ပြက်သို့၊
(၈) စဝှက်ရောင်ပြေး၊
(၉) နှင်းသွေးမစို့၊
(၁၀) ကြာညို့ဝတ်ဆံ။
(၁၁) ဓူဝံ နှိုင်းယှဉ်၊ ရှုကြည့် မငြီး၊
(၁၂) ဦးပြည်းရွှင်ပျော်၊
(၁၃) ဇင်ယော်တန်းဝဲ၊
(၁၄) ပုလဲကိုးပုန်း၊
(၁၅) ဂမုန်းငုံအာ၊
(၁၆) လေသာဝေ့လည်၊
(၁၇) မြူချည်မတင်၊ ယဂင်ထုံးထုံး၊
(၁၈) လုံးတင်
(၁၉) ခရုချောင်၊
(၂၀) ထုံးကြောင်၊
(၂၁) ထုံးကြား။
(၂၂) ငါးပါးမြိတ်စို့၊
(၂၃) အောင်မျို့ နိမိတ်၊ မြိတ်ရစ်လှပ၊
(၂၄) ကရဝိကနှုတ်သီး၊
(၂၅) ဆိတ်သမီးနှင့်၊
(၂၆) ပြန်ပြီးဆယ်ထွေ၊
(၂၇) နေအရုဏ်ခံ၊
(၂၈) ညဉ့်ယံသောက်ရှူး၊
(၂၉) တိမ်ဦးနဂါး၊
(၃၀) လေးပါးရာသီ
(၃၁) နှိုင်းပြီစံလွတ်၊
(၃၂) နဂါးပတ်ကျော့ကွင်း၊
(၃၃) နန်းတွင်းမဉ္ဇူ၊
(၃၄) ထွက်ပြူ မုခ်ဝ၊
(၃၅) ပဒုမသိဒ္ဓိ၊
(၃၆) မဏိကိုးပါး၊
(၃၇) ချယားပွင့်သေး၊
(၃၈) ယုန်ရေးလဝယ်၊
(၃၉) နေလယ်ဥဒေါင်း၊
(၄၀) သုံးချောင်းခြူးယှက်။
(၄၁) စဝှက်ရောင်ချော၊
(၄၂) သင်္ဘောတံခွန်၊
(၄၃) အနန္တဖုသျှ၊ မောရဂီဝါ၊
(၄၄) ဟင်္သာစာခွံ့၊ ထုံးအံတစ်ခင်း၊
(၄၅) ပဇင်းတောင်ဖြန့်၊
(၄၆) သည်းညွန့်လက်သင်၊
(၄၇) ကွမ်းလင်၊
(၄၈) နောက်တွဲ၊
(၄၉) မုတ္တာရွဲနှင့်၊
(၅၀) ပုလဲကွန်ခြာ၊
(၅၁) ရတနာမဏ္ဍိုင်၊
(၅၂) ပွင့်ဆိုင် ပုဏ္ဍရိက်၊
(၅၃) နဂါးအိတ် လေးထောင့်၊
(၅၄) ရှစ်မြှောင့်၊
(၅၅) ပြန်ကာဖက်၊
ပန်းယှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြုတေစံကျော်၊ နှိုင်းမမျှော်ကို၊ လွမ်းတော်မမူလှည့်ပြီလောလေ၊ ဖေါ်ချင်းတို့လေ ဖေါ်ချင်းတို့။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.