ဆယ်အိမ်ခေါင်းဘွဲ့ လွမ်းချင်း

From Wikisource
Jump to navigation Jump to search
ဆယ်အိမ်ခေါင်းဘွဲ့ လွမ်းချင်း
by ဦးကြီး

စည်းစိမ်ကြီးပါဘိ၊ ရုတ်(ရုပ်)သီးတောင့်ကိုင်၊
နှစ်ယောက်ကယ်ထိုင်၊
ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်၊
ဖွယ်(ဘွယ်)သစ်မြေအင်ရံလို့၊
ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊
ကြွက်နဖား ပုန်းရည်ကျိုသည်၊
အလိုဗျာ စားပုံတင့်ပါဘိ၊
ခေါင်းမင့်ဆယ်အိမ်ပေမို့၊
အို အခြေကြီးလှတောင်းကိုလေး။ ။

စားသောက်ဖွယ်ရာ၊ ပြီးသောခါဝယ်၊
ရသာချမ်းငြိမ်၊ အခြင်မြေသက်၊
ပင်ထန်းရွက်နှင့်၊ ခေါင်ပျက်အိမ်တွင်၊
စည်းစိမ်ကြီးရင်(ဝင်)၊ ခြေလိမ်တင်လို့၊
ကု(ခံ)တင်ကြမ်းပေါက်၊ သုံးချောင်းထောက်မှာ၊
မှောက်ချည်လှန်ချည်၊ အဆီရယ်ဖိန်း(ဖိမ်း)၊
မှိန်းတဲ့ချည်နှင့်၊ မကြည်သန်းဝေ၊
ထယ်မင်းပုံနေလိုက်တယ်၊
နွားရေပြန့်အပေါ်မှာ၊
ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ၊
သူအိပ်တယ်လေး။ ။


မှတ်ချက်

  • (...) အတွင်းမှ စကားလုံးများသည် ဂီတဝိသောဓနီမူမှ ဖြစ်သည်။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.