စွယ်တော်ဘုရားရှိခိုး

From Wikisource
Jump to navigation Jump to search
စွယ်တော်ဘုရားရှိခိုး
by အမည်မသိ

(တစ်ဦးတည်းရွတ်ဆိုရန်)

တာဝတိံသေ ဧကာဒါဌာ၊

ဧကာ ဘုဇဂပူရကေ။

ဂန္ဓာရေ ဒန္တပူရမှိ၊

တာပိ ဝန္ဒာမိ ဓာတုယော။

ဧကာဒါဌာ– အထက်လက်ယာ စွယ်တော်ဓာတ်တစ်ဆူသည်။ တာဝတိံသေ– တာဝတိံသာ နတ်ပြည်၌၊ တိဋ္ဌတိ- တည်နေကိန်းဝပ်တော်မူ၏။

ဧကာဒါဌာ– အောက်လက်ယာ စွယ်တော်ဓာတ်တစ်ဆူသည်။ ဘုဇဂပူရကေ– နဂါးပြည်၌။ တိဋ္ဌတိ- တည်နေကိန်းဝပ်တော်မူ၏။

ကာဒါဌာ- အထက်လက်ဝဲ စွယ်တော်ဓာတ်တစ်ဆူသည်။ ဂန္ဓာရေ– ဂန္ဓာရတိုင်း၌။ တိဋ္ဌတိ- တည်နေကိန်းဝပ်တော်မူ၏။

ဧကာဒါဌာ- အောက်လက်ဝဲ စွယ်တော်မြတ်တစ်ဆူသည်။ ဒန္တပူရမှိ– ကလိင်္ဂတိုင်း ဒန္တပူရပြည်၌။ တိဋ္ဌတိ– တည်နေကိန်းဝပ်တော်မူ၏။

တာပိဓာတုယော– ထိုတိုင်းပြည် နိုင်ငံဒေသ ဌာနတို့၌ တည်နေကိန်းဝပ်တော်မူသော စွယ်တော်ဓာတ် လေးဆူတို့ကို။ အဟံ- အကျွန်ုပ်သည်။ ဝန္ဒာမိ- ဦးခေါင်းညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse