စောရဟန်သိမ် ကျောက်စာ

From Wikisource
Jump to navigation Jump to search
စောရဟန်သိမ်ကျောက်စာ  (သက္ကရာဇ် ၅၇၄) 
by ဥစ္စနာမင်းကြီး (နားတောင်းများမင်းကြီး)

၁၊၂၊၄၀၊၁။
၁ “။ ၀ ။ တုရင်တောင်ထက် စဝ်ရဟန်သိမ်
၂ ပျာက်ခရကာ မောင္မ်နှုတ်ဆာက်အ(မွမ်ရ) အိုအ်
၃ ပန်ဥိသင် စာခိပိုဟ် ဤယ် ၂ကြာရကာ၊ ပုရှာ
၄ လောင်မင် ဥိစိနာမင်ကြီရ္ဟုယ်တောင်
၅ တက်ဧအ် ၁ နှစ်သောကြာရကာ၊ မင်ကြီပ္လု
၆ စိယ်ဟုရကာ၊ ဤယ်သိမ်ဆောက်သကာ သကရစ်
၇ ၅၇၄ ခု ကြာတိုက်နှစ် ကြာတိုက် နံယုန်လဆန် ၁
၈ ၂ တန်နှင်ကုနုယ်နိယ် အမြုတ်တစုက် သိင်ခာလ
၉ က်အခာ နံနာက်တစ်ပဟိုအ်အာ ဆောက်သ(တေ)
၁၀ (ဟ်)၊”

တုရင်တောင်ထက် စောရဟန်သိမ် ပျက်ခရကား မောင်းမနှုတ်ဆက် အမွမ်းရ အို့ပန်ဦသင် စာချီဗိုလ် ဤ ၂ ကြားရကား ဘုရားလောင်းမင်း ဥစ္စနာမင်းကြီး ရွှေတောင်တက်၏ ၁နှစ်သော ကြာရကား၊ မင်းကြီး ပြုစေဟူရကား ဤသိမ်ဆောက်သည်ကား သက္ကရာဇ် ၅၇၄ ခု ကြတ္တိကာနှစ်၊ နယုန်လဆန်း ၁၂၊ တနင်္ဂနွေနေ့ အမြိတ္တစုတ် သိဟ်လဂ်အခါ နံနက်တစ်ပဟိုရ်အား ဆောက်သတည်း။]

၁၊၂၊၄၀၊၂။
၁၃ ...“သိမ်ပြီပြီရုယ်ဧအ်
၁၄ သင်္ဃာစာပိယ်သောကာ။ ဝာဆိုဝ် ၅၀၊ သတ
၁၅ င်တိုင်ကာ ၂၀၊ ဝာခောင် ၅၀၊ ဝာက္လွတ် ၅၀၊
၁၆ သတင်ခ္လွတ်စသော ၅၀၊ လုပ်ရသော ထမင်သ
၁၇ ည်ကာ ဘတ္တဗိစေည် ငာမျင်သင် ၁။ ဟင်သ
၁၈ ည်ကာ ငာဩင်သင် ၁။ ယနအ်ပျာသည် နွာ
၁၉ နိုဝ်သည်၊ သာစိုဝ်၊ ယနအ်၊ ဝာဆိုဝ်ခ္လသော သံ
၂၀ မ္လှူ ၁၀။ ကွံသီထုပ် ၄၀။ သတင်တိုင်ခ္လသော ကွံသီထုပ်
၂၁ ၂၀။ ဝာခောင်ခ္လသော သံမ္လှူ ၁၀၊ ကွံသီထုပ် ၄၀၊ ဝာက္လွာ
၂၂ တ်ခ္လသော သံမ္လှူ ၁၀။ ကွံသိထုပ် ၄၀။ သတင်ခ္လွတ်(ဇ)
၂၃ (ေ)သာ ခ္လသော သံမ္လှူ ၁၀။ ကွသိထုပ် ၄၀။ တရျာဆူ သတ
၂၄ င်တွင်ကာ ကွံသိ ၂၀၀။ ဝာက္လွတ်ကာ အထက်
၂၅ သက်ခံ ၁ထည်။ အဩက်သက်ခံ ၁ထည်။
၂၆ ပျ= ၁အိုဝ်(။) သိမ်ပ္လူသောကာ။ သ္ခိင်(သ)တ်တျာ
၂၇ ငာလှောက်သင်လက်ထက်တေ။ အို
၂၈ အ်ပန်ဥိသင်(။) သိမ်ကျွန် (ပိ)ယ်သော ငာ(တ)
၂၉ (ပါ) ၁ ယောက်။ ။”

[သိမ်ပြီးပြီး၍၏ သံဃာစာပေးသောကား ဝါဆို ၅၀၊ သီတင်းတိုင်းကား ၂ဝ၊ ဝါခေါင် ၅၀၊ ဝါကျွတ် ၅၀၊ သီတင်းချွတ် စသော ၅၀၊ လုပ်ရသောထမင်း သည်ကား ဘတ္တဗိစည်ငလျင်သင် ၁၊ ဟင်းသည်ကား ငအောင်သင် ၁၊ ယန ပျားသည်၊ နွားနို့သည် သားစို၊ ယန ဝါဆိုချသော သံမြှူ ၁ဝ၊ ကွမ်းသီးထုပ် ၄ဝ၊ သီတင်းတိုင်းချသော ကွမ်းသီးထုပ် ၂ဝ၊ ဝါခေါင်ချသော သံမြှူ ၁ဝ၊ ကွမ်းသီးထုပ် ၄ဝ၊ ဝါကျွတ်ချသော သံမြှူ ၁ဝ၊ ကွမ်းသီးထုပ် ၄၀၊ သီတင်းချွတ် စသော ချသော သံမြှူ ၁ဝ၊ ကွမ်းသီးထုပ် ၄ဝ၊ တရားဆု သီတင်းတွင် ကား ကွမ်းသီး ၂ဝဝ၊ ဝါကျွတ်ကား အထက်သက်ခံ ၁ ထည်၊ အအောက်သက်ခံ ၁ထည်၊ ပျား ၁အိုး၊ သိမ်ပြုသောကား သခင်သတျာ ငလှောက်သင် လက်ထက်တည်း။ အို့ပန်ဦသင် သိမ်ကျွန်ပေးသော ငတပါး ၁ယောက်။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse