စောမွန်သင် ကျောက်စာ

From Wikisource
Jump to navigation Jump to search
စောမွန်သင်ကျောက်စာ  (သက္ကရာဇ် ၅၅၄) 
by စောမွန်သင်

၁၊၂၊၂၀၊၁။
၁ “။ ။ သကရစ် ၅၅၄ ဘလကိုန် ဘလကိုန်နှစ်။ ။ တပေါင်
၂ လ္ဆန် ၅ ရျက် သောက်ကြာ သောက်ကြာနိယ်နှိုက်၊ ၊ သောက်ကြာ ၄္စမွန်သင်၊ သ္မိနှင်အငီ အတို
၃ င်မသိသတ္ထာရုယ် သင်္သရာဆင်ငြယ်မှ ထွက်မ္လောက်ခ္လျင် ဆင်ငြယ်သောေ
၄ ကြာင် နိပ်ဗ္ဗန်ပြည်ကိုဝ် လိုဝ်ခ္လျင်သောကြောင်၊ အာမနာမ
၅ ည်သောကန်၏အဝှံနှိုက် ဥတ္တိပ္လုသောတန်တိုင်လေည် ပ္လု၏၊ တန်
၆ တိုင်တွင်နှိုက် တင်တယ်စွာသော က္လောင်ကြီလေည် ပ္လု၏၊ သင်ပုတ်
၇ ဆမီမပြတ်စီမ်သောငှာ အိုမ်မွန်သင် သ္မီ စေတီကိုဝ် လှူသောလဲ”

[သက္ကရာဇ် ၅၅၄ ဖလဂုနီနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ သောကြာနေ့၌ စောမွန်သင် သမီးနှင့်အညီ အတိုင်းမသိသဒ္ဓါ၍ သံသရာဆင်းရဲမှ ထွက်မြောက် ချင်သောကြောင့်၊ နိဗ္ဗာန်ပြည်ကို လိုချင်သောကြောင့် အာမနာမည်သော ကန်၏အဝှမ်း၌ အုတ်တိပြုသော တံတိုင်းလည်း ပြု၏။ တံတိုင်းတွင်း၌ တင့်တယ်စွာသော ကျောင်းကြီးလည်း ပြု၏။ သင်ပုတ်ဆီမီး မပြတ်စိမ့် သောငှာ အိုမွန်သင် သမီး စေတီကို လှူသောလယ်။]

၁၊၂၊၂၀၊၂။
၁၅ ...“ဤ
၁၆ ငာလှူသောကောင်မှုကိုဝ် ဖျက်ဆီလူယက်သောသူကာ အနာမျာသော ဆင်
၁၇ ငြယ်ဝေတနာကြီသော ကီကန်သော ကုန်ကွသော နူဝဲသောကစသည်ကာ ဖျ
၁၈ က်ဆီသသုနှိုက် ရောက်စေသတေ၊ ခီပင်သသူကာ ငာနှင် အတုရစေ
၁၉ ၏”

[ဤငါလှူသောကောင်းမှုကို ဖျက်ဆီးလုယက်သောသူ ကား အနာများသော၊ ဆင်းရဲဝေဒနာကြီးသော၊ ကျီးကန်းသော၊ ကုန်းကွသော၊ နူဝဲသောကစသည် ကား ဖျက်ဆီးသသူ၌ ရောက်စေသတည်း။ ချီးပင့်သသူ ကား ငါနှင့်အတူရစေ၏။]


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse