စောမင်းလတ်ဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
စောမင်းလတ်ဘုရားကျောက်စာ  (သက္ကရာဇ် ၅၉၃) 
by စောမင်းလတ်

(မျက်နှာဘက်)
၁၊၂၊၇၅၊၁။
“။ နမော ဗုဒ္ဓါယ။ သကရစ် ၅၉၃ခု။
စိတ်ဿနှစ် ၎္တသ္လင်လ္ဆန် ၁၁ ၆ကြာနေအာ ဖုရာ တြျာ သင်္ဃာ
ရတ္တနာသုံပါနှိုက် ရိုဝ်သိယ်မ္လတ်နိုဝ်စွာထသော စŸမင်လတ်သည် သာသနာ
နှိုက် ကောင်တေ ယုံကြည်စွာရုယ် သတ္ထာကြည်ညိုဝ်စွာသဖ္လင် ဆင်ရဲခပ်သိမ် ငြိမ်ရာဖ္လစ်သော နေ
ရပန်ချံသာကိုဝ် လိုဝ်ခ္လျင်သောကြောင် ရှေု ငေဲုစသော ဥစ္စာရတ္တနာမျာစွာစွန်ရုယ်”

[နမော ဗုဒ္ဓါယ။ သက္ကရာဇ် ၅၉၃ခု ဇေဋ္ဌနှစ်၊ တော်သလင်း လဆန်း ၁၁၊ ၆ ကြာနေ့အား ဘုရား တရား သံဃာ ရတနာသုံးပါး၌ ရိုသေမြတ်နိုးစွာထသော စောမင်းလတ် သည် သာသနာ၌ ကောင်းတေယုံကြည်စွာ၍ သဒ္ဓါကြည်ညိုစွာသဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နေရပန်ချမ်းသာကို လိုချင်သောကြောင့် ရွှေ၊ ငွေ စသော ဥစ္စာရတနာများစွာစွန့်၍။]

၁၊၂၊၇၅၊၂။
၁၈“တေဝတတ်ခံသောထက် အဆအရျာ အဆအထောင် အဆ္အသောင် အဆအသိန် တပ္လေါင်ပ္လန် ၂၂
၁၉ ခံစေသတေ”

[ဒေဝဒတ်ခံသောထက် အဆအရာ၊ အဆအထောင်၊ အဆအသောင်း၊ အဆအသိန်း တပြောင်းပြန်ပြန် တပြောင်းပြန်ပြန် ခံစေသတည်း။]

၁၊၂၊၇၅၊၃။
၁၉ ...“အ
၂၀ ထူလေ အရျက် ၆ဝသွာ အလျာအနံ အရျက် ၆၀ ဆဲ သွာသောက္လောက်ဖျာကြီတွင် ခာရု
၂၁ ယ်နှစ်လျက်လျက် ရေလေမရ အစာလေမရ လျှာငာလံ ထွက်လျက် ခံစေသတေ”

[အထုလည်း အရက် ၆၀သွား၊ အလျားအနံ အရက် ၆ဝဆယ်သွားသောကျောက်ဖျာကြီးတွင် ခါးရွေ့နှစ် လျက်လျက်၊ ရေလည်းမရ အစာလည်းမရ လျှာငါးလံ ထွက်လျက် ခံစေသတည်း။]

၁၊၂၊၇၅၊၄။
၂၂“ဤငာပ္လုသောကောင်မှုကိုဝ် ခီပင်ပါသော ရေမ္လေစိုဝ်သော မင်လေကောင်
၂၃ ကြီ ၂စွာသော အမတ်လေေည္ကာင် သူဆင်ရဲလေေည္ကာင် လုဖ္လစ်သောကာ လု
၂၄ မ္လတ် နတ်ဖ္လစ်သောလေ နတ်မ္လတ် ဖ္လစ်စေသတေ”

[ဤငါပြုသောကောင်းမှုကို ချီးပင့်ပါသော ရေမြေစိုး သော မင်းလည်းကောင်း၊ ကြီးကြီးစွာသော အမတ်လည်းကောင်း၊ သူဆင်းရဲလည်းကောင်း လူဖြစ်သော ကား လူမြတ်၊ နတ်ဖြစ်သောလည်း နတ်မြတ် ဖြစ်စေ သတည်း။]

၁၊၂၊၇၅၊၅။
၂၄“စတူမဟာရစ် တာဝတိန်သာ
၂၅ ယာမာ တုဿိတာ နိမာနရတိ ပရနိမ္မိတဝဿွတိ ဤနတ်၏အသက်အတိုင် နေခရုယ်
၂၆ လု၏ည္ဇိုမ် နတ်၏ည္ဇိုမ် ခံစပြိသော အဆုံစွန်ကာ အသိမြတ်သော သု၎္တတိုဝ်
၂၇ တောင်တစွာသော အဖ္လစ်အိုဝ်မင် သေခြင်ကွာသော ရုံနံ ခ္လုပ်ရာ သာယာစွာသော
၂၈ နိဗ္ဗန်ချံသာအာ ရောက်စေလျှင်တေ၊ ၊”

[စတုမဟာရာဇ်၊ တာဝတိံ’သာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ ဤနတ်၏ အသက် အတိုင်းနေခ၍ လူ၏စည်းစိမ်၊ နတ်၏စည်းစိမ် ခံစား ပြီးသော အဆုံးစွန်ကား အသိမြတ်သော သူတော်တို့ တောင့်တစွာသော၊ အဖြစ် အိုမင်းသေခြင်း ကွာသော၊ ရုပ်နာမ်ချုပ်ရာ သာယာစွာသော နိဗ္ဗာန်ချမ်းသာအား ရောက်စေလျှင်တည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse