စိုးပါလှတယ်

From Wikisource
Jump to navigation Jump to search
စိုးပါလှတယ်
by ဦးကြီး

သပြေကသီးသနှင့်၊ ရေကြီးငယ်ဘောင်ဘင်၊
ထွန်ရေးငယ်ငင်သည်၊ ပျို့ဦးရင်အပြန်ခက်ရှာလိမ့်၊
တဘက်က ချောင်းကာသည်၊
ရွှေညာမှာညိုတဲ့မိုးငယ်မို့၊
ပျိုစိုးတယ်မောင်ငဲ့လေး။ ။

ခါးမင်ကြောင်ငယ်၊ ရွှေသျှောင်ဘယ်ဝေ့၊
အမယ်လေး ဆိုတုန်းက၊ ပျိုပုန်းလို့တွေ့သူမို့၊
တနေ့သာသာ၊ တညဉ့်ကွာမူ၊
ဗျာပါသဲနင်၊ တနှစ်ထင်လို့၊
မရွှင်တ,မျှော်၊ ရေရှင်တားလို့၊
ရက်အားပုံပေါ်လှချည့်၊
ချောင်းကျော်တဲ့လယ်နှယ်ကို၊
ကိုယ်တာတွယ် မစုံမက်သာဘူ့၊
တောတက်ဖေလေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.